Published
Thursday, June 03, 2021
သံဖြူဇရပ် အ.ထ.က (၁) တွင် လက်လုပ်မိုင်းတွေ့
သံဖြူဇရပ် အ.ထ.က (၁) ကျောင်းတွင်းရှိ အမှိုက်ခြင်းတစ်ခုအနီးတွင် ယနေ့မနက် (၆) နာရိခန့်က လက်လုပ်ချိန်ကိုက်မိုင်း ၃ လုံးတွေ့ခဲ့ကြောင်း သိရသည်။
တွေ့ရှိသော လက်လုပ်ချိန်ကိုက်မိုင်းကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက လာရောက်ရှင်းလင်းခဲ့ခြင်းလည်းဖြစ်သည်။
ဇွန်လ (၁) ရက်နေ့က စာသင်ကျောင်းတွေမှာ စစ်အုပ်စုတပ်ဖွဲ့တွေက နေရာယူထားခဲ့သလို ကျောင်းအနီးနှင့် ကျောင်းအတွင်း ပေါက်ကွဲမှုတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။
ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေနှင့် စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းအပေါ် ကန့်ကွက်ကြောင်း စစ်အစိုးရဆန့်ကျင်နေတဲ့အစုအဖွဲ့တွေက တိုက်တွန်းထားပါတယ်။







