အလော့ဘွမ်တောင်ခြေတွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားပို့မြင်းများ ရောက်ရှိနေ

အလော့ဘွမ်တောင်ခြေတွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားပို့မြင်းများ ရောက်ရှိနေ
ဝိုင်းမော်မြို့နယ်တစ်နေရာတွင် တွေ့ရသော လားများနှင့် စစ်သားများ (File Photo)
ဝိုင်းမော်မြို့နယ်တစ်နေရာတွင် တွေ့ရသော လားများနှင့် စစ်သားများ (File Photo)

မိုးမောက်မြို့နယ်ရှိ အလော့ဘွမ်စခန်းကိုတိုက်ခိုက်ရန် အာဏာသိမ်းစစ်တပ်၏ မြင်း (၂၅) ကောင်ထက်မနည်း နွမ်းလန့်အခြေစိုက် ခမရ (၄၃၈)  တပ်စခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မေလ ၂၈ ရက်နေ့ မွန်းလွှဲပိုင်း ၃ နာရီခန့်တွင် နွမ်းလန့်တပ်စခန်းသို့ မြင်းသယ်လာသည့်ယာဉ်တန်း ၈ စီး ဖြတ်သွားသည်ကို တွေ့ရသည်ဟု မျက်မြင်များက ပြောသည်။

“မြင်းသယ်တဲ့ကားက ၆ စီး၊ တစ်စီးက မြင်းစာဖြစ်တယ်။ နောက်တစ်စီးက မြင်းထိန်းဖြစ်နိုင်တယ်။ အားလုံး ၈ စီးဟုတ်တယ်။ ကျနော်တို့သိရသလောက်က အလောဘွမ့်ဘက်ကို လက်နက်သယ်ယူဖို့ဘဲဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မိုးတွင်းမှာက ကားတွေလည်း သွားလို့မရတော့ဘူ။ နောက်ပြီး ကားနဲ့ဆို KIA က မကြာခန မိုင်းခွဲပေးတယ်။ ဒါကြောင့်လို့ဘဲမြင်တယ်” ဟု ပြောဆိုသည်။

မြင်းသယ်လာသည့် ကား ၈ စီးအနက် ၁ စီးလျှင် မြင်း ၄ ကောင်ခန့်ပါရှိနိုင်ပြီး ကား ၆ စီးတွင် မြင်း ၂၅ ကောင်ခန့်ရှိနိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

အဆိုပါမြင်းများအနက် ၁၀ ကောင်ကျော်တွင် လက်နက်ရိက္ခာများတင်ပို့ကာ စစ်အင်အားဖြင့် မေလ ၂၉၊ ယနေ့ နံနက် ၄ နာရီခန့်တွင် အလော့ဘွမ်တောင်သို့ တက်သွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် အလောဘွမ့်ကို ပြန်လည်တိုက်ခိုက်ရန် လက်ရှိ နွမ့်လန်၊ ဒေါ့ဖုန်းယာန်နှင့် မြို့သစ်ကုန်းလော နေရာတို့တွင် နေ့စဉ် စစ်အင်အား ၁၀၀ ကျော် တိုးချဲ့ချထားသောကြောင့် ယခုအပတ်အတွင်းပင် စစ်အင်အားအသစ် ၈၀၀ ခန့် ထပ်မံရောက်ရှိလာသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

လက်ရှိ အလော့ဘွမ်တောင်ခြေတွင် အာဏာသိမ်းစစ်တပ်၏ တပ်မ ၈၈၊ ၇၇ နှင့် ၅၅ စစ်ကြောင်းအင်အား ၂၀၀၀ ခန့်က နေရာယူထားကြောင်း သိရသည်။

အလော့ဘွမ်သို့တက်လာသော အာဏာသိမ်းစစ်တပ်ကို KIA နှင့် ရက္ခိုင်တပ်တော် AA ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်တိုက်ခိုက်သောကြောင့် တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...