ပူတာအို-လုံရှာယန်လမ်းတွင် အာဏာသိမ်းစစ်တပ်ယာဉ်တန်းကို KIA တိုက်ခိုက်

ပူတာအို-လုံရှာယန်လမ်းတွင် အာဏာသိမ်းစစ်တပ်ယာဉ်တန်းကို KIA တိုက်ခိုက်

ပူတာအိုမြို့နယ်တွင် စစ်အင်အားတိုးချဲ့လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ တပ်ဖွဲ့က ယနေ့နံနက် လုံရှာယန်ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၉ ရက်နေ့ ယနေ့နံနက် ၈ နာရီခွဲဝန်းကျင်တွင် ပူတာအိုမြို့မှထွက်လာသော အာဏာသိမ်းစစ်တပ် စစ်အင်အား ၃၀ ဝန်းကျင်ဖြင့် ကား ၂ စီးကို လုံရှာယန် (Lung Sha Yang) မရောက်ခင် ၅ မိုင်အလို HpakMa ကျေးရွာတွင် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက KNG သတင်းဌာနကို ဖြေဆိုခဲ့သည်။

“တိုက်ပွဲဖြစ်သွားတာက လုံရှာယန်မရောက်ခင် ဖပ့်မာကျေးရွာမှာ ဟုတ်တယ်။ လုံရှာယန်ဘက်မှာ သူတို့ စစ်အင်အားတိုးချဲ့ဖို့ထင်တယ်။ အဲ့ဒါကို KIA က လမ်းတဝက်မှာ ဝင်တိုက်လိုက်တာဟုတ်တယ်။ တိုက်ပွဲဖြစ်တာက သိပ်မကြာဘူး။ အပြန်အလှန် ပြန်တိုက်ကြတာနဲ့ဆို နာရီဝက်လောက်တော့ရှိတယ်။ သူတို့ရဲ့ထိခိုက်မှုတွေကတော့ မသိရဘူ” ဟု ပြောဆိုသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ ပူတာအိုမြို့မှ ၁၆ မိုင်ခန့်ဝေးသည့် နေရာတွင်ဖြစ်ပြီး လုံရှာယန်ကျေးရွာမရောက်ခင် နေရာတွင်ဖြစ်သည်။

“အစကတော့ ဝါးကွဲသံထင်တာ နောက်တော့ သေနတ်သံလို့ ပြန်ပြောကြတယ်။ ခြံမှာအလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက်ကတော့ သေနတ်သံကြားလို့ ရွာဘက်ကို ပြေးလာတာတော့ရှိတယ်” ဟု လုံရှာယန် ဒေသခံတစ်ဦးက ပြောသည်။

ပူတာအိုမြို့ရှိ စစ်တပ်၏ အဓိကဗျူဟာကုန်းဖြစ်သော ခလရ ၄၆ တပ်ရင်းကိုလည်း ယမန်နေ့က KIA တပ်ရင်း ၇ က တိုက်ခိုက်ခဲ့ပြီး၊ ယနေ့တွင်လည်း စစ်အင်အားတိုးချဲ့လာသော ယာဉ်တန်းကို ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...