ပူတာအို-လုံရှာယန်လမ်းတွင် အာဏာသိမ်းစစ်တပ်ယာဉ်တန်းကို KIA တိုက်ခိုက်

ပူတာအို-လုံရှာယန်လမ်းတွင် အာဏာသိမ်းစစ်တပ်ယာဉ်တန်းကို KIA တိုက်ခိုက်

ပူတာအိုမြို့နယ်တွင် စစ်အင်အားတိုးချဲ့လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ တပ်ဖွဲ့က ယနေ့နံနက် လုံရှာယန်ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၉ ရက်နေ့ ယနေ့နံနက် ၈ နာရီခွဲဝန်းကျင်တွင် ပူတာအိုမြို့မှထွက်လာသော အာဏာသိမ်းစစ်တပ် စစ်အင်အား ၃၀ ဝန်းကျင်ဖြင့် ကား ၂ စီးကို လုံရှာယန် (Lung Sha Yang) မရောက်ခင် ၅ မိုင်အလို HpakMa ကျေးရွာတွင် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက KNG သတင်းဌာနကို ဖြေဆိုခဲ့သည်။

“တိုက်ပွဲဖြစ်သွားတာက လုံရှာယန်မရောက်ခင် ဖပ့်မာကျေးရွာမှာ ဟုတ်တယ်။ လုံရှာယန်ဘက်မှာ သူတို့ စစ်အင်အားတိုးချဲ့ဖို့ထင်တယ်။ အဲ့ဒါကို KIA က လမ်းတဝက်မှာ ဝင်တိုက်လိုက်တာဟုတ်တယ်။ တိုက်ပွဲဖြစ်တာက သိပ်မကြာဘူး။ အပြန်အလှန် ပြန်တိုက်ကြတာနဲ့ဆို နာရီဝက်လောက်တော့ရှိတယ်။ သူတို့ရဲ့ထိခိုက်မှုတွေကတော့ မသိရဘူ” ဟု ပြောဆိုသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ ပူတာအိုမြို့မှ ၁၆ မိုင်ခန့်ဝေးသည့် နေရာတွင်ဖြစ်ပြီး လုံရှာယန်ကျေးရွာမရောက်ခင် နေရာတွင်ဖြစ်သည်။

“အစကတော့ ဝါးကွဲသံထင်တာ နောက်တော့ သေနတ်သံလို့ ပြန်ပြောကြတယ်။ ခြံမှာအလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက်ကတော့ သေနတ်သံကြားလို့ ရွာဘက်ကို ပြေးလာတာတော့ရှိတယ်” ဟု လုံရှာယန် ဒေသခံတစ်ဦးက ပြောသည်။

ပူတာအိုမြို့ရှိ စစ်တပ်၏ အဓိကဗျူဟာကုန်းဖြစ်သော ခလရ ၄၆ တပ်ရင်းကိုလည်း ယမန်နေ့က KIA တပ်ရင်း ၇ က တိုက်ခိုက်ခဲ့ပြီး၊ ယနေ့တွင်လည်း စစ်အင်အားတိုးချဲ့လာသော ယာဉ်တန်းကို ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...