ပူတာအိုမြို့တွင်းအခြေစိုက် အာဏာသိမ်းစစ်တပ်စခန်း ပစ်ခတ်ခံရ

ပူတာအိုမြို့တွင်းအခြေစိုက် အာဏာသိမ်းစစ်တပ်စခန်း ပစ်ခတ်ခံရ

ပူတာအိုမြို့အခြေစိုက် အာဏာသိမ်းစစ်တပ် ခလရ ၄၆ စစ်တပ်ကုန်းတွင် ယနေ့နံနက်ပိုင်းက အဝေးပစ်လက်နက်တစ်ခုဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် ပူတာအို ကောင်ကထောင်ရပ်ကွက်ရှိ စစ်တပ်ဗျူဟာကုန်းတွင် ပေါက်ကွဲသံ ၂ ကြိမ် ကြားလိုက်မိကြောင်း ကောင်ကထောင် ရပ်ကွက်ပြည်သူတစ်ဦးက အတည်ပြုပြောဆိုသည်။

“ဒီမနက်ပိုင်း ၁ နာရီနဲ့ ၂ နာရီကြားမှာ ဟုတ်တယ်။ ပေါက်ကွဲသံ ၂ ခါကြားလိုက်တယ်။ အဝေးကနေ လှမ်းပစ်လိုက်တဲ့အသံတော့ ဟုတ်တယ်။ ဘာနဲ့ပစ်တာက ကျနော်လည်းမသိဘူး” ဟု ပြောဆိုသည်။

အဆိုပါပစ်ခတ်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ အောက်၊ တပ်ရင်း (၇) က ရှော့တိုက်ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ထပ်မံပြောဆိုသည်။

“စခန်းအတွင်းမှာက ၁ လုံးထဲကျတယ်လို့ပြောတယ်။ ဒါပေမယ့် စစ်တပ်အထဲမှာဖြစ်တယ်ဆိုတော့ ပျက်စီးထိခိုက်မှုတွေက မသိရသေးဘူး” ဟု ပြောဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အနှံ တိုက်ပွဲဖြစ်ပွားနေသော်လည်း ပူတာအိုခရိုင်တွင် ပစ်ခတ်ပေါက်ကွဲခြင်း မရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...