ကွတ်ခိုင်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

ကွတ်ခိုင်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

ကွတ်ခိုင်မြို့အထွက် ရှုခင်းသာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ မေလ ၂၆ ရက်နေ့  နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် ၁၀ မိုင်ခန့်ဝေးသော ရှုခင်းသာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကွတ်ခိုင် အာဏာသိမ်းစစ်တပ်ဘက်ကလည်း တိုက်ပွဲဖြစ်ပွားရာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“KIA နှင့် စစ်တပ် တိုက်ပွဲဖြစ်ကြတယ်။ ရှုခင်းသာနှင့် နမ်ဖလွန်ကြားမှာ မနက်ပိုင်းကဖြစ်တယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ၅ ခါလောက် ပစ်သံတွေကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်ဒေသခံများအနေဖြင့် အာဏာသိမ်းစစ်တပ်နှင့် KIA တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်းကိုသာသိရှိပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့်အပတ်ကလည်း ပြည်ထောင်စုလမ်းမအတိုင်း ဆင်းလာသော ဆီဘောက်ဆာကားများကို ကွက်ခိုင်မြို့အနီးတွင် KIA က ပစ်ခတ်ဖျက်စီးမှုများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...