ကွတ်ခိုင်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

ကွတ်ခိုင်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

ကွတ်ခိုင်မြို့အထွက် ရှုခင်းသာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ မေလ ၂၆ ရက်နေ့  နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် ၁၀ မိုင်ခန့်ဝေးသော ရှုခင်းသာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကွတ်ခိုင် အာဏာသိမ်းစစ်တပ်ဘက်ကလည်း တိုက်ပွဲဖြစ်ပွားရာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“KIA နှင့် စစ်တပ် တိုက်ပွဲဖြစ်ကြတယ်။ ရှုခင်းသာနှင့် နမ်ဖလွန်ကြားမှာ မနက်ပိုင်းကဖြစ်တယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ၅ ခါလောက် ပစ်သံတွေကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်ဒေသခံများအနေဖြင့် အာဏာသိမ်းစစ်တပ်နှင့် KIA တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်းကိုသာသိရှိပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့်အပတ်ကလည်း ပြည်ထောင်စုလမ်းမအတိုင်း ဆင်းလာသော ဆီဘောက်ဆာကားများကို ကွက်ခိုင်မြို့အနီးတွင် KIA က ပစ်ခတ်ဖျက်စီးမှုများ ပြုလုပ်ခဲ့သည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...