ကျောင်းအပ်သူအနည်းငယ်သာရှိနေသည့် မော်လမြိုင်မြို့က စာသင်ကျောင်းများ

ကျောင်းအပ်သူအနည်းငယ်သာရှိနေသည့် မော်လမြိုင်မြို့က စာသင်ကျောင်းများ

စစ်အုပ်စုထိန်းချုပ်ခံ အခြေခံပညာရေးကျောင်းများဖွင့်လှစ်ရန်အတွက် ယနေ့မှစ၍ ကျောင်းအပ်နှံရေးနေ့အဖြစ် စတင်လိုက်ပါသည်။

သံလွင်တိုင်းမ်သတင်းဌာန၏ လေ့လာမှုအရ ကျောင်းအများစုမှာ ကျောင်းအပ်သူအနည်းငယ်သာရှိနေသေးပြီး မူလတန်းကျောင်းသား/သူတွေက အဓိကထားအပ်နှံကြောင်း သိရသည်။

အဓိကကျောင်းအပ်နှံမှု အများဆုံးကျောင်းမှာ အ.ထ.က (၈) နှင့် အ.ထ.က (၉) တို့ဖြစ်ပြီး ကျောင်းအပ်နှံသူအများစုကို တွေ့ခဲ့ရသည်။

ပုံမှန်ကျောင်းအပ်သည့်ကာလများတွင် ကျောင်းဝတ်စုံဖြင့် အပ်နှံမှုပြုလေ့ရှိသော်လည်း ဒီနေ့တွင် အများစုက အိမ်နေဝတ်စုံဖြင့် လာရောက်အပ်နှံနေကြပြီး ကျောင်းဝတ်စုံဝတ်ဆင်သူ အနည်းငယ်သာရှိသည်။

မော်လမြိုင် အ.ထ.က (၈) နှင့် အ.ထ.က (၉) မှာမူ ကျောင်းအပ်နှံသူအများအပြားရှိခဲ့ပြီး နီးစပ်သူတစ်ဦးကပြောပြသည်မှာ တပ်၊ ရဲနှင့် ဝန်ထမ်းသားသမီးအများစုတို့ဖြစ်ကြောင်း သိရသည်။

အ.ထ.က (၁) အ.ထ.က (၂) အ.ထ.က (၃) အ.ထ.က (၅) အ.ထ.က (၇) နှင့် အ.ထ.က (၁၀) တို့တွင်မူ ကျောင်းအပ်နှံသူ အတော်နည်းပါးသည်ကို တွေ့ရသည်။

အ.ထ.က (၆) တွင်လည်း ကျောင်းအပ်နှံသူ အချို့ရှိနေသည်။

ကျောင်းအားလုံးတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားပြီး စစ်ဆေးမှုအချို့လည်း ရှိနေခဲ့သည်။

စစ်အုပ်စုထိန်းချုပ်ခံပညာရေးဌာနက ကျောင်းအပ်နှံကြဖို့ လှုံဆော်မှုများရှိနေသလို တဖက်တွင်လည်း ကျောင်းမအပ်နှံရေးနေ့ လှုပ်ရှားမှုအဖြစ် မော်လမြိုင် အခြေခံပညာကျောင်းသားများသမဂ္ဂက လှုံဆော်မှုလုပ်ထားသလို စစ်ကျွန်ပညာရေးကို လက်မခံကြောင်း ကျောင်းသားအများစုက ကန့်ကွက်ဆန္ဒဖော်ထုတ်ထားသည်။

ယင်းအပြင် မော်လမြိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၃၃၈) ဦးကိုလည်း CDM ပြုလုပ်မှုဖြင့် စစ်အုပ်စုထိန်းချုပ်ခံ ပညာရေးဌာနမှ တာဝန်က ရပ်ဆိုင်းထားသည်။

ကျောင်းအချို့၏အနီးအနားတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ နေရာယူမှုများရှိနေသဖြင့် ပေါက်ကွဲမှုဖြစ်မည်ကိုလည်း မိဘအများစုက စိုးရိမ်နေကြသည်။

April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...
April 22, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသက မင်္ဂလာပွဲတစ်ခုကို စစ်ကော်မရှင်တပ်...