ခန္တီးမြို့နယ် အာဏာသိမ်းစစ်ကောင်စီအောက် ရဲစခန်းနှင့် တပ်စခန်း ၄ ခုကို KIA က တိုက်ခိုက်ဖျက်ဆီး

ခန္တီးမြို့နယ် အာဏာသိမ်းစစ်ကောင်စီအောက် ရဲစခန်းနှင့် တပ်စခန်း ၄ ခုကို KIA က တိုက်ခိုက်ဖျက်ဆီး

 စစ်ကိုင်းတိုင်း၊ ခန္တီး၊ နမ့်စီဘွမ့် (Nam tsit Bum) ကျောက်စိမ်းမှော်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲကင်းတပ်စခန်း စုစုပေါင်း ၄ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက သွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မေလ ၂၂ ရက် ယနေ့ နံနက် ၄ နာရီတွင် မကျန်ခကျေးရွာ ရဲကင်းတပ်စခန်းတစ်ခု၊ နမ့်စီဘွမ်ကျေးရွာ ကျောက်စိမ်းမှော်ရှိ ရဲကင်းတပ်စခန်း ၂ ခုနှင့် စစ်တပ်ရင်းတစ်ခု စုစုပေါင်း ၄ နေရာခန့်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း နမ်စီဘွမ့်ဒေသခံတစ်ဦးကို KNG က ဆက်သွယ်မေးမြန်းခဲ့သည်။

“မကျန်းခ ရဲကင်းတပ်စခန်းကိုတော့ မနက်ပိုင်းအစောကတည်းက မီးရှို့ဖျက်စီးပြီး သိမ်းလိုက်တယ်တဲ့။ နောက်ပြီးတော့ အခု နမ့်စီဘွမ့်မှော်ကြီးမှာရှိတဲ့ တပ်ရင်းနဲ့ ရဲကင်းစခန်းကို ပြန်ပြီး မီးရှို့ဖျက်စီးလိုက်တယ်။ အားလုံးဝင်သိမ်းလိုက်တယ်လို့တော့ ကြားနေရပြီ” ဟု ပြောဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ အောက် တပ်ရင်း ၃၁ အဖွဲ့က အဆိုပါတပ်စခန်းများကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် နံနက် ၆ နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု သူကဆက်ဆိုသည်။

မကျန်ခကျေးရွာ ရဲကင်းစခန်း အပြန်အလှန်တိုက်ပွဲဖြစ်ပွားရာတွင် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဘက်မှ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးက ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေခံများပြောဆိုချက်မှ သိရသည်။

နမ့်စီဘွမ်မှော်တွင် ထပ်မံဝင်ရောက်တိုက်ခိုက်ချိန်တွင်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်မှုများပြားနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

မကျန်ခ (Machyang Hka) ကျေးရွာနှင့် နမ့်စီဘွမ့်ကျောက်စိမ်းမှော်မှာ အကွာအဝေး ၁ မိုင်ခန့်သာရှိပြီး မကျန်ခကျေးရွာသည် နမ့်စီးဘွမ့်မှော်၏ အောက်ဘက်တွင်ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...