စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီ ဒုတိယအကြိမ် တစ်စစီ ဖျက်ဆီးခံရ

စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီ ဒုတိယအကြိမ် တစ်စစီ ဖျက်ဆီးခံရ

ဖားကန့်မြို့နယ်၊ တနိုင်းသွားလမ်း၊ လီဒိုလမ်းပေါ်၊ ဘန်ကောက်ကျေးရွာရှိ စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒုတိယအကြိမ် ဝင်ရောက်ဖျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၉ ရက် ည ၉ နာရီအချိန်တွင် ယုဇနကုမ္ပဏီဝင်းရှိ ဝန်ထမ်းအဆောက်အဦးများ၊ ဂိုဒေါင်များနှင့် အုပ်တံတိုင်းနံရံများကို ဘက်ဟိုးဖြင့် တစ်စစီဖြစ်အောင် သွားရောက်ဖျက်ဆီးလိုက်ကြောင်း အမည်မဖော်လိုသူ ဘန်ကောက်ကျေးရွာ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကုမ္ပဏီဝင်းတစ်ခုလုံး တစစီဖြစ်သွားပြီ။ ကုမ္ပဏီဝင်းထဲမှာရှိတဲ့ ဝန်ထမ်းနေအိမ်နဲ့ ပစ္စည်ထည့်တဲ့ဂိုဒေါင်တွေ ဘက်ဟိုတွေနဲ့ ရစရာမရှိအောင် လုပ်သွားတယ်။ ပြီးရင် အဲ့ကုမ္ပဏီဝင်းကိုကာထားတဲ့ အုပ်တံတိုင်းခြံဝင်းတွေလည်း တစ်စစီဖျက်စီးထားတာတွေ့ရတယ်။ ဘာမှမကျန်တော့ဘူး။ သူတို့ရဲ့ ယန္တရားအဆောင်တွေလည်း မကျန်တော့ဘူး” ဟု ပြောဆိုသည်။

ယုဇနကုမ္ပဏီဝင်းတွင် KIA က ဝင်ရောက်ဖျက်စီးနေသည့်အချိန် အနီးတဝိုက်ရှိ ရှဒူးကျေးရွာအခြေစိုက် အာဏာသိမ်းစစ်တပ် ခလရ ၂၉၇ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရှဒူးဇွပ်စစ်တပ်ကုန်းမှ ဘန်ကောက်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း ပေါက်ကွဲမှုမရှိခဲ့သဖြင့် ဒေသခံများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ယုဇနကုမ္ပဏီ မီးရှို့ဖျက်ဆီးခံရသည်မှာ ယခု ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သော ဧပြီလ ၁ ရက်နေ့တွင် ပထမအကြိမ်အဖြစ် တိုက်ခိုက်ခံရပြီးနောက် ကုမ္ပဏီဝင်းအတွင်းရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ထွက်ပြေးသွားခဲ့သည်။

ပထမအကြိမ် မီးရှို့ဖျက်စီးခံခဲ့ရာတွင် ဂိုဒေါင် ၄ ခုနှင့် ကုမ္ပဏီကားအပါအဝင် စက်ယန္တရားများ ၂၃ စီးထက်မနည်း ဖျက်စီးခံလိုက်ရခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီကို ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် လုပ်ကိုင်နိုင်ရန် ၂၀၀၆ ခုနှစ်တွင် စစ်အစိုးရက ခွင့်ပြုပေးခဲ့သည်။

ထိုနေရာများသည် ဒေသခံများ၏ လယ်မြေဖြစ်သော်လည်း ယုဇနကုမ္ပဏီက လက်နက်အားကိုးဖြင့် မြေယာသိမ်းဆည်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...