နောင်မွန်မြို့နယ်တွင် PSI စလောင်းအသုံးပြုပါက အရေးယူခံရမည်ဟု ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့များ ခြိမ်းခြောက်နေ

နောင်မွန်မြို့နယ်တွင် PSI စလောင်းအသုံးပြုပါက အရေးယူခံရမည်ဟု ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့များ ခြိမ်းခြောက်နေ

ဆက်သွယ်ရေးခက်ခဲသော ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် လက်ရှိသတင်းရယူနေသော PSI စလောင်းများကို အသုံးမပြုကြရန် အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်ကာ ဖြုတ်ခိုင်းနေသည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။

ယခုအပတ်မှစ၍ ဌာနေပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ပူပေါင်းပြီး နောင်မွန်မြို့နယ်တွင် တရားမဝင် PSI စလောင်းများကို အမြန်ဖြုတ်သိမ်းကြရန်နှင့် လိုက်နာမှုမရှိပါက ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် ၁ သိန်း ချမှတ်အရေးယူခံရမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း အမည်မဖော်လိုသူ နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“နောင်မွန်မှာက ဒီကနေ့ကစပြီး စစ်ကောင်စီအုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့စစ်တွေပေါင်းပြီး ကျေးရွာက တရားမဝင် PSI စလောင်းများ အသုံးမပြုဖို့ လိုက်အော်နေပြီ။ ကျန်တဲ့ရွာတွေမှာလည်း တစ်ရွာဝင်တစ်ရွာထွက် လိုက်ပြောနေပြီ။ ကျနော်သိရသလောက်တောင် ရွာ ၁၀ ခုလောက်ရှိနေပြီ။ ဒီဘက်မှာက ဆက်သွယ်ရေးခက်ခဲတော့ ကျန်တဲ့ဒေသမှာတော့ မသိရဘူး” ဟု ပြောဆိုသည်။

နောင်မွန်မြို့နယ်တွင် မြို့ပေါ်နေရာတွင်သာ MPT (2G) ဖုန်းလိုင်းသာ ရရှိနေတာဖြစ်ပြီး ကျန်ဒေသများတွင်မူ မည်သည့်ဆက်သွယ်ရေးလိုင်မျှ မရရှိသောကြောင့် နေ့စဉ်ဖြစ်ပျက်နေသော သတင်းအချက်အလက်များ သိရှိနိုင်ရန် PSI စလာင်းကိုသာ အသုံးပြုနေရခြင်းဖြစ်သည်။

“ကျနော်တို့ ဒေသဘက်မှာ PSI စလောင်းမသုံးတာက မရှိသလောက်ဘဲ။ အိမ်တိုင်းလိုလို တပ်ထားကြတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက်လိုင်းလည်းမရှိဘူး။ ဖုန်းလိုင်းတွေလည်း နောင်မွန်မြို့တွင်းတဝိုက်ဘဲရတယ်။ ဒါတောင် လိုင်းမကောင်းဘူး။ အခု PSI စလောင်းပြန်ဖြုတ်ခိုင်းနေတော့ ကျနော်တို့ပြည်သူတွေက အမှောင်မှာ နေရသလိုပါဘဲ” ဟု နောင်မွန်ဒေသခံတစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သော မတ်လကတည်းက PSI စလောင်း အသုံးမပြုကြရန်နှင့် အသုံးပြုပါက အရေးယူမည်ဟု အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...