ဆွမ်ပီယန်ကျေးရွာတွင် တရားမဝင် ရွှေတူးဖော်နေသည့်ကုမ္ပဏီကို ဒေသခံများ သွားရောက်ကန့်ကွက်

ဆွမ်ပီယန်ကျေးရွာတွင် တရားမဝင် ရွှေတူးဖော်နေသည့်ကုမ္ပဏီကို ဒေသခံများ သွားရောက်ကန့်ကွက်

ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာတွင် ဒေသခံများ၏ စိုက်ပျိုးမြေအဖြစ် သတ်မှတ်ထားသည့်နေရာတွင် လုပ်ငန်းရှင်တချို့က စက်ယန္တရားကြီးများဖြင့် တူးဖော်လုပ်ကိုင်နေသဖြင့် မေလ ၁၇ ရက်နေ့တွင် ဒေသခံများက သွားရောက်ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

ဒေသခံ အယောက် ၁၀၀ ခန့်က သွားရောက်ဆန့်ကျင်ခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ကိုယ်တိုင် လက်ရှိ တောင်ယာအခင်း လုပ်ကိုင်စားသောက်နေတဲ့ မြေနေရာတွေဖြစ်တယ်။ ဒီနေရာမှာ ဒေသခံပြည်သူတွေနဲ့ ညိနှိုင်းတိုင်ပင်ပြီး ခွင့်ပြုချက်တစ်စုံတစ်ရာမှ မတောင်းဘူး။ စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေတယ်။ ဒေသခံတွေမသိတဲ့ ဘယ်ကိစ္စမဆို တရားမဝင်ဘဲ။ ဒါကြောင့် ဒါကို ရအောင်တားမြစ်ဖို့ သွားရောက်ကန့်ကွက်ခဲ့ကြတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီလတွင်လည်း တရားမဝင်ရွှေတူးဖော်နေသည့် သခင်စစ်ကုမ္ပဏီကို သွားရောက်ဆန့်ကျင်ခဲ့ဖူးကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

သို့သော် သခင်စစ်ကုမ္ပဏီက လိုက်နာမှုမရှိဘဲ ရွှေဆက်လက်တူးဖော်မှုများ ပြုလုပ်နေသောကြောင့် ယခု ထပ်မံ လူအင်အားအများအပြားဖြင့် သွားရောက်ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေသည့်နေရာမှာ ဆွမ်ပီယာန်ကျေးရွာမှ ၅ မိုင်ခန့်သွားရသော လုန်ဂါဘော် (Lung Ga Baw) တွင်ဖြစ်ပြီး ထိုနေရာတွင် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေသည့် တောင်ယာအခင်းများနှင့် ဘိုးဘွားပိုင်အမွေအနှစ်များလည်းရှိကြောင်း သိရသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...