အာဏာသိမ်းပြီးနောက် KIA နှင့် နီးစပ်လာသူများ၏အမည်စာရင်းကို စစ်ကောင်စီက ကောက်ခံနေ

အာဏာသိမ်းပြီးနောက် KIA နှင့် နီးစပ်လာသူများ၏အမည်စာရင်းကို စစ်ကောင်စီက ကောက်ခံနေ

လီဒိုလမ်းမပေါ်ရှိ ကျေးရွာများတွင် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပတ်သက်လာသောသူများ၏ အမည်စာရင်းများကိုပေးရန် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူခဲ့သည်ဟု သိရသည်။

မေလ ၁၁ ရက်နေ့မှစတင်ပြီး တနိုင်း-လီဒို လမ်းမပေါ်တွင်ရှိကြသော ဒွန်ဘုန်း၊ လဝါး၊ ဒွမ်ဘန်၊ နောင်းမီနှင့် ဝါရာဇွပ် စသောကျေးရွာများတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးမှူးများကို နီးစပ်ရာတပ်စခန်းများတွင် ခေါ်ယူကာ အာဏာသိမ်းပြီးနောက်ပိုင်း KIA ထံ စစ်မှုထမ်းရန်သွားသော လူငယ်များ၏ အမည်စာရင်းကိုပေးရန် တောင်းခံခဲ့သည်ဟု အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူများထံမှ သိရသည်။

“အာဏာသိမ်းယူလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ကျေးရွာအတွင်းက KIA ထဲဝင်သွားတဲ့သူတွေ၊ နောက်ပြီး KIA က လာခေါ်သွားတဲ့သူတွေရဲ့ အမည်စားရင်းကို တောင်းတယ်” ဟု ပြောဆိုသည်။

လဝါးနှင့် နောင်းမီ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခလရ ၈၆ တပ်ရင်း၊ ဒွမ်ဘန် အုပ်ချုပ်ရေးမှူးကို ခလရ ၂၉၈ တပ်ရင်းနှင့် ဝါရာဇွပ် အုပ်ချုပ်ရေးမှူးကကို ခလရ ၂၉၇ တပ်ရင်းတို့တွင် အသီးသီး ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ကျေးရွာများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ နယ်မြေဖြစ်ကာ လက်ရှိတွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲ ရံဖန်ရံခါဖြစ်ပွားနေသော ဒေသဖြစ်သည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...