အာဏာသိမ်းပြီးနောက် KIA နှင့် နီးစပ်လာသူများ၏အမည်စာရင်းကို စစ်ကောင်စီက ကောက်ခံနေ

အာဏာသိမ်းပြီးနောက် KIA နှင့် နီးစပ်လာသူများ၏အမည်စာရင်းကို စစ်ကောင်စီက ကောက်ခံနေ

လီဒိုလမ်းမပေါ်ရှိ ကျေးရွာများတွင် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပတ်သက်လာသောသူများ၏ အမည်စာရင်းများကိုပေးရန် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူခဲ့သည်ဟု သိရသည်။

မေလ ၁၁ ရက်နေ့မှစတင်ပြီး တနိုင်း-လီဒို လမ်းမပေါ်တွင်ရှိကြသော ဒွန်ဘုန်း၊ လဝါး၊ ဒွမ်ဘန်၊ နောင်းမီနှင့် ဝါရာဇွပ် စသောကျေးရွာများတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးမှူးများကို နီးစပ်ရာတပ်စခန်းများတွင် ခေါ်ယူကာ အာဏာသိမ်းပြီးနောက်ပိုင်း KIA ထံ စစ်မှုထမ်းရန်သွားသော လူငယ်များ၏ အမည်စာရင်းကိုပေးရန် တောင်းခံခဲ့သည်ဟု အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူများထံမှ သိရသည်။

“အာဏာသိမ်းယူလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ကျေးရွာအတွင်းက KIA ထဲဝင်သွားတဲ့သူတွေ၊ နောက်ပြီး KIA က လာခေါ်သွားတဲ့သူတွေရဲ့ အမည်စားရင်းကို တောင်းတယ်” ဟု ပြောဆိုသည်။

လဝါးနှင့် နောင်းမီ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခလရ ၈၆ တပ်ရင်း၊ ဒွမ်ဘန် အုပ်ချုပ်ရေးမှူးကို ခလရ ၂၉၈ တပ်ရင်းနှင့် ဝါရာဇွပ် အုပ်ချုပ်ရေးမှူးကကို ခလရ ၂၉၇ တပ်ရင်းတို့တွင် အသီးသီး ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ကျေးရွာများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ နယ်မြေဖြစ်ကာ လက်ရှိတွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲ ရံဖန်ရံခါဖြစ်ပွားနေသော ဒေသဖြစ်သည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...