ကျောက်တော်မြို့ ပန်းခြံအတွင်း ဆရာတော် ဦးဥတ္တမကြေးရုပ်တု စိုက်ထူမည်

ကျောက်တော်မြို့ ပန်းခြံအတွင်း ဆရာတော် ဦးဥတ္တမကြေးရုပ်တု စိုက်ထူမည်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ဆရာတော်ဦးဥတ္တမ ကြေးသွန်းရုပ်တုအား အများပြည်သူဖူးမျှော်နိုင်ရန်အတွက် ပန်းခြံအတွင်းထားရှိ ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ရုပ်တုတော်ကို မြောက်ဦးမြို့တွင် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့က သွန်းလုပ်မှု ပြီးစီးသွားပြီဖြစ်ကာ ဆရာတော်၏ ရုပ်တုတော်အား ထားရှိနိုင်ရန်အတွက် ကျောက်တော်မြို့ သင်္ဘောဆိပ်အနီးရှိ ပန်းခြံ၌ နေရာပြင်ဆင်ရှင်းလင်းမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ ဒီရုပ်ထုကို လွန်ခဲ့တဲ့ ၉ လလောက်ကနေ မြောက်ဦးမှာ သွန်းလုပ်နေခဲ့တာပါ။ မနေ့ကတော့ပြီးပါပြီ။ ဒါပေမဲ့ ရုပ်ထုကို တည်ထားစိုက်ထူမယ့် ကွန်ကရစ်ဖောင်ဒေးရှင်းနဲ့   ပန်းခြံကို   ပြုပြင်ဆောက်လုပ်နေတာကြောင့် အမြန်တော့လုပ်နေကြပါတယ်။ ဆောက်လုပ်ပြီးရင် ဒေသစာရီကြွ အပူဇော်ခံကာ ပင့်ဆောင်သွားပါမယ်” ဟု ဆရာတော်ဦးဥတ္တမရုပ်တု ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်ထွန်းခင်က ပြောသည်။

ဆရာတော် ဦးဥတ္တမသည် ရခိုင်ပြည်နယ်အတွက်သာမက မြန်မာပြည်နှင့် အာရှတိုက်တစ်ခုလုံး အတွက် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သဖြင့် ဆရာတော်အား ဂုဏ်ပြုသည့်အနေဖြင့် ရုပ်တုတော်ကို စိုက်ထူးခြင်းဖြစ်ကာ နှစ်စဉ် စက်တင်ဘာလ ၉ ရက်နေ့ရောက်တိုင်း ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်ပြည်နယ် နေရာအနှံအပြား၌ ကျင်းပပြုလုပ်လျှက်ရှိကြောင်းလည်း သိရသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...