မြစ်ကြီးနား KBZ ဘဏ် (၁) ရှေ့ ဗုံးပေါက်ကွဲမှုကို ဗီဒီယိုရိုက်ကူးသူ ဖမ်းဆီးခံရ

မြစ်ကြီးနား KBZ ဘဏ် (၁) ရှေ့ ဗုံးပေါက်ကွဲမှုကို ဗီဒီယိုရိုက်ကူးသူ ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့လယ် ကမ္ဘောဇဘဏ် (၁) ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အပြီး မှတ်တမ်းဗီဒီယိုရိုက်ကူးမှုနှင့် ဆက်စပ်သော လူငယ် ၂ ဦးကို အကြမ်းဖက်စစ်ကောင်ဆီက ဖမ်းဆီးထားကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုသည် မေလ ၁၄ ရက် ယမန်နေ့ နံနက် ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၈ နာရီခွဲအချိန်တွင် အဆိုပါလူငယ် ၂ ဦး ဖမ်းဆီးခံလိုက်ရသည်။

“သူတို့ ၂ ယောက်က ဘဏ်ရှေ့ကတိုက်ခန်းမှာ ဌားနေတာဟုတ်တယ်။ အဲ့မှာ ရှေ့မှာတင် ပေါက်ကွဲမှုဖြစ်ခဲ့တယ်။ တစ်ယောက်က ဗီဒီယိုရိုက်ပြီးသူ့ရဲ့ Facebook အကောင့်မှာ တင်လိုက်တာမှန်တယ်။ အခု သူတို့ ၂ ယောက်ကို ဗုံးပေါက်ကွဲမှုမှာကြံရာပါဆိုပြီး စွပ်စွဲနေတယ်။ ဗုံးပေါက်ကွဲတာက သူတို့နဲ့ လုံးဝမဆိုင်ဘူး” ဟု ပြောဆိုသည်။

သူတို့ ၂ ဦးမှာ သာမန်လူငယ်များသာဖြစ်ပြီး စစ်ကောင်စီဘက်က စွပ်စွဲသည့်အတိုင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် ပါဝင်မှုမရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထွန်းထွန်းနိုင်ကို ကမ္ဘောဇဘဏ် (၁) ရှေ့ တိုက်ခန်းတွင် ဖမ်းဆီးခဲ့ပြီး၊ ဆွတ်ရိန်နောနော်ကို စီတာပူရပ်ကွက်ရှိ ခေါက်ဆွဲဆိုင်တစ်ခုတွင် လိုက်လံ ဖမ်းဆီးခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးကို မြစ်ကြီးနားအမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မိသားစုနှင့် တွေ့ခွင့်မပေးသေးကြောင်း သိရသည်။

ဆွတ်ရိန်နောနော်၏ FB လူမှုကွန်ရက်ပေါ်တွင်တင်ထားသော ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပြီး ရိုက်ထားသောဗီဒီယိုကို မီဒီယာများတွင်လည်း ပြန်လည်ဖော်ပြထားသည်ကို တွေ့ရသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် အာဏာသိမ်းစစ်အုပ်စု၏ တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...