မံစီမြို့နယ် KIA တပ်ရင်း ၁၅ နှင့် ၂၇ တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိ

မံစီမြို့နယ် KIA တပ်ရင်း ၁၅ နှင့် ၂၇ တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိ

မံစီမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ နယ်မြေတွင် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၃ ရက်ခန့်ရှိပြီဟု သိရသည်။

မေလ ၁၁ ရက်နေ့မှစ၍ မံစီမြို့နယ် KIA တပ်ရင်း ၁၅ နယ်မြေ ကဒေါ့နှင့် မန်ဒါတောင် စသောနေရာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး မေလ ၁၃ ရက်နေ့ ည ၇ နာရီခွဲအထိ အာဏာသိမ်းစစ်တပ်ဘက်က လေယာဉ်ဖြင့် ၂ ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကဒေါ့၊ မန်ဒါ ဒီတစ်လျှောက်မှာ တိုက်ပွဲဖြစ်နေတယ်။ KIA ဘက်ကတော့ စခန်းတစ်ခုကိုတော့ သိမ်းလိုက်ပြီလို့တော့ကြားတယ်။ ကောင်းကောင်း အတည်မပြုရသေးဘူး။ ဒီမနက် ၇ နာရီလောက်ကနေ ပြန်ပစ်ကြတယ်။ အခု ၈ နာရီအထိ လက်နက်ကြီးသံတွေ ကြားနေရ သေးတယ်။ မနေ့ညကတော့ စစ်သားတွေက လေယာဉ်နဲ့ ၂ ခါလာတိုက်တယ်။ ဒီမနက်တော့ လေယာဉ်သံမကြားရသေးဘူး” ဟု ပြောဆိုသည်။

ယနေ့ (မေလ ၁၄ ရက်) တွင်လည်း နံနက် ၈ နာရီဝန်းကျင်မှစတင်ကာ မဒန်ယန်ကျေးရွာအနီးတွင် စစ်‌ ကောင်စီတပ်မှ လေယာဉ်ဖြင့်လာရောက်ပစ်ခတ်‌ကာ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။

ကဒေါ့၊ မန်ဒါတွင်တည်ရှိသည့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတစ်ခုကို KIA က သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းရရှိကြောင်း ဒေသခံတစ်ချို့ပြောဆိုနေသော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုလိုပြောသည်။

“စခန်းသိမ်းတယ်ဆိုတာက သတင်းမရသေးဘူး။ ဒါပေမယ့် တိုက်ပွဲဖြစ်နေတာက သေချာတယ်။ ဒီကနေ့ဆို ၄ ရက်ရှိပြီ။ ကျနော်တို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဟုတ်တယ်” ဟု ပြောဆိုသည်။

ထို့အပြင် မံစီမြို့နယ်အတွင်း KIA တပ်ရင်း ၂၇ မဒန်ယန်ဘက်တွင်လည်း တိုက်ပွဲပြင်းထန်နေသည်မှာ ၃ ရက်ခန့်ရှိပြီး စစ်တပ်ဘက်က တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောဆိုသည်။

KIO ဗဟိုဌာနချုပ်အနီး အလော့ဘွမ်ကို ပြန်လည်တိုက်ခိုက်ရန် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားထောင်ဂဏန်းက အလော့ဘွမ်တောင်ခြေ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလောဘက်သို့ စစ်အင်အားတိုးချဲ့လာစဉ် မေလ ၁၁ ရက်နေ့ကစတင်ပြီး မံစီမြို့နယ် KIA တပ်မဟာ ၃ ဒေသသို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...