မော်လမြိုင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေအိမ်ကို ပျူစောထီးအဖွဲ့က ခြိမ်းခြောက်စာကပ်

မော်လမြိုင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေအိမ်ကို ပျူစောထီးအဖွဲ့က ခြိမ်းခြောက်စာကပ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ မော်လမြိုင်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နွယ်စိုးနေအိမ်ကို မေလ (၈) ရက်နေ့ နံနက် (၃) နာရီခွဲခန့်က ပျူစောထီးအဖွဲ့ဟု ဖော်ပြထားသည့်စာကို လူနှစ်ဦးက ဝင်ရောက်ကပ်ခဲ့ကြောင်း CCTV မှတ်တမ်းအရ သိရသည်။

စာတွင် မိစ္ဆာပါတီ NLD နှင့် ပါတီကို ထောက်ခံဝန်းရံသူများသိစေရန်ဟု ဖော်ပြထားပြီး အဖျက်အမှောင့်လုပ်ငန်းများ ရပ်တန့်ခြင်းမရှိပါက သင်နှင့် သင့်အသိုင်းအဝိုင်းလုံခြုံရေးကို တာဝန်ယူမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ယင်းစာကို ဆိုင်ကယ်ဖြင့် လူနှစ်ဦးက လာရောက်ကပ်ခဲ့ခြင်းလည်းဖြစ်သည်။

ယင်းစာကပ်သည့် မွန်းလွဲပိုင်းတွင် ဦးနိုင်နွယ်စိုးနေအိမ်အနီးရှိ တံဆိပ်ရိုက်လုပ်ငန်းဆိုင်တစ်ခုရှေ့တွင် လက်လုပ်ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်များကိ လာရောက်ရှင်းလင်းခဲ့သည်။

ပျူစောထီးအမည်ဖြင့် စာအချို့ဖြန့်ဝေမှုကိုလည်း မြို့အချို့မှာရှိခဲ့ကြောင်း သံလွင်တိုင်းမ်က စုံစမ်းသိရှိရသည်။

မိစ္ဆာပါတီ NLD ဟူသော အသုံးအနှုန်းမျိုးမှာ ယခင် နဝတ၊ နအဖခေတ်က ဝါဒဖြန့်ချိရေးသတင်းစာများတွင် သုံးနှုန်းခဲ့သော အသုံးအနှုန်းများဖြစ်နေသဖြင့် စစ်အုပ်စုနှင့်နီးစပ်သည့်အဖွဲ့က ပြုလုပ်တာဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးက သုံးသပ်ပြောသည်။

အာဏာသိမ်းပြီး ရက် (၁၀၀) နီးပါးအတွင်း စစ်အုပ်စုက ပြည်သူ (၇၈၀) ဦးကို အကြမ်းဖက်သတ်ဖြတ်ခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...