စစ်တပ်ဆန့်ကျင်သောလူငယ်များကို ဖမ်းနိုင်လျှင် ငွေကျပ် ၁၀ သိန်း ဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့ကြေညာ

စစ်တပ်ဆန့်ကျင်သောလူငယ်များကို ဖမ်းနိုင်လျှင် ငွေကျပ် ၁၀ သိန်း ဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့ကြေညာ

ဝိုင်းမော်မြို့နယ်အရှေ့ဘက် တရုတ်နယ်စပ် ကန်ပိုက်တည်မြို့တွင် စစ်အာဏာရှင်ဆန့်တော်လှန်ရေးလှုပ်ရှားသော လူငယ်များကို ဖမ်းဆီးပေးနိုင်လျှင် မြန်မာငွေကျပ် ၁၀ သိန်းဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့က ကြေညာထားကြောင်း သိရသည်။



မေလ ၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သည့် လူငယ်များက လူမဲ့သပိတ်ဖြင့် ‘အာဏာရှင်ကျဆုံးပါစေ၊ ခွေးစကား နားမယောင်နဲ့၊ နွေဦးတော်လှန်ရေး အောင်မြင်ရမည်၊ Join In CDM’ စသောစာသားများကို လမ်းမပေါ်နှင့် နံရံများတွင် ရေးသားဖော်ပြခဲ့ကြသည်။



ကန်ပိုင်တီမြို့တွင် ပထမဆုံးပြုလုပ်သော အဆိုပါစစ်အာဏာသိမ်းမှုဆန့်ကျင်သည့် လှုပ်ရှားမှုတွင်ပါဝင်သော လူငယ်များကို ဖမ်းဆီးပေးရန် ဒလန်များကို ကြေညာထားကြောင်း သပိတ်တွင်ပါသူ လူငယ်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။



“ကျနော်တို့ဒေသက အစကနေ အာဏာရှင်ဆန့်ကျင်ရေးတော်လှန်ရေးမှာ ဘယ်သူမှမလုပ်ကြဘူး။ ကျနော်တို့လူငယ်တွေလည်း အရမ်းလုပ်ချင်တယ်။ ဒါပေမယ့် ဒီဘက်မှာက အရမ်းတင်းကြပ်တယ်။ ရဲ၊ စစ်သား၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ် အစုံရှိတော့ ဘာမှလုပ်လို့မရဘူး။ အခုတောင်မှ စာသားဘဲလိုက်ရေးထားတယ်။ ဒါတောင် ပြည်သူ့စစ်က ဒလန်တွေကို ငွေ ၁၀ သိန်းဆုချမယ်ဆိုပြီး ဖမ်းခိုင်းနေတယ်လို့ သတင်းကြားတယ်” ဟု ပြောဆိုသည်။



ကန်ပိုင်တီဒေသသည် ယခင် ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K နယ်မြေဖြစ်ပြီး ယခုနောက်ပိုင်းတွင် နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ရာနယ်မြေဖြစ်သည်။



ကချင်ပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့များမှာ အာဏာသိမ်းစစ်တပ်ကို သစ္စာခံထားပြီး အရပ်သားပြည်သူများဘက် ရပ်တည်ခြင်းမရှိကြောင်း ဒေသခံများ၏ ဖွင့်ဟပြောဆိုမှုများလည်း ရှိနေသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...