အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ပေါင်မြို့နယ်) ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေငြာ

အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ပေါင်မြို့နယ်) ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေငြာ

ပေါင်မြို့နယ်ရှိ ကျေးရွာအလိုက် လူငယ်၊ ကျောင်းသား၊ ပြည်သူ၊ ဝန်ထမ်း၊ နည်းပညာကျွမ်းကျင်ပုဂ္ဂိုလ်၊ ရပ်မိ/ရပ်ဖများ စုစည်းပြီး အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ပေါင်မြို့နယ်) ကို ဖွဲ့စည်းလိုက်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီး၊ သတ်ဖြတ်မှုမှ ကာကွယ်ရန်အချက်ပါဝင်သည့် ရည်ရွယ်ချက် (၅) ချက်ဖြင့် ဖွဲ့စည်းကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

၁။ နိုင်ငံတော်၏အာဏာကို ပြည်သူလူထုရွေးကောက်ထားသည့် ပြည်သူ့အစိုးရထံ ပြန်လည်အပ်နှံရေး

၂။ ဖမ်းဆီခံနိုင်ငံံ့ခေါင်းဆောင်များနှင့် ကျောင်းသားပြည်သူများ ပြန်လွှတ်ပေးရေး

၃။ ငြိမ်းချမ်းစွာဆန္ဒပြနေသည့် အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီအား တိုင်းရင်းသားညီနောင်များနှင့် အတူတကွ တွန်းလှန်တော်လှန်ရေး

၄။ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခြင်း၊ ဖိနှိပ်သတ်ဖြတ်ခြင်းမှ ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးရေး

၅။ ဖက်ဒရယ်ဒီမိုကရေစီ အမြန်ဆုံးဖြစ်ထွန်းပြီး အာဏာရှင်စနစ်ကျဆုံးသည်အထိ တိုင်းရင်းသားလက်နက်ကိုအဖွဲ့များနှင့် အတူတကွလက်တွဲပြီး အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းရေး

အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ပေါင်မြို့နယ်) သည် ဖက်ဒရယ်တပ်မတော်မပေါ်ထွန်းခင်စပ်ကြား အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒနှင့် လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...
June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...