KTCS ဓမ္မတက္ကသိုလ်ဘွဲ့ယူရန် ဖားကန့်မှဆင်းလာသော ကျောင်းသားမိသားစု ပစ်ခတ်ခံရ

KTCS ဓမ္မတက္ကသိုလ်ဘွဲ့ယူရန် ဖားကန့်မှဆင်းလာသော ကျောင်းသားမိသားစု ပစ်ခတ်ခံရ

မြစ်ကြီးနား နောင်နန်း KTCS ဓမ္မတက္ကသိုလ်ဘွဲ့နှင်းသဘင်ပါဝင်ရန် ဖားကန့်မှဆင်းလာသော မိသားစုတစ်စုသည် လမ်းခုလတ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ပစ်ခတ်မှုခံရသောကြောင့် မြစ်ကြီးနားရှိ ဆေးရုံတစ်ခုတွင် ဆေးကုသခံယူနေရသည်ဟု သိရသည်။

ဖားကန့်မြို့ ကျောက်ဖျာကျေးရွာမှ မြစ်ကြီးနားသို့ မေလ ၄ ရက်နေ့တွင် ဆင်းသွားသူများဖြစ်ပြီး လမ်းခရီးတွင် တိုက်ပွဲဖြစ်နေသည့်အခြေအနေနှင့်ကြုံရကာ အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်လိုက်သော သေနတ်ကျည်ထိမှန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြသည်ဟု သိရသည်။

“သူ့အမရော သူ့အမရဲ့ကလေးရော ဆိုင်ကယ်နှင့်ဆင်းလာတာကို ၅ မိုင်လောက်မှာ တိုက်ပွဲဖြစ်နေတယ်ထင်တယ်။ အဲ့လိုတော့ပြောတယ်။ သူတို့မိုင်းဖောက်တာကြောင့်မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ထဲမှာ သူတို့မောင်နှမတွေဆင်းလာတာကြောင့် စစ်တပ်ဘက်မှ ပစ်လိုက်တာ ထိသွားတာ” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူမှာ နောင်းနန်း KTCS ဓမ္မတက္ကသိုလ် B.th နောက်ဆုံးနှစ်ပြီးထားသူဖြစ်ကြောင်း သိရသည်။

မောင်နှမနှစ်ဦးထဲမှ မောင်ဖြစ်သူမှာ ခြေနှစ်ဖက် သေနတ်ကျည်ထိမှန်တာဖြစ်ပြီး အစ်မဖြစ်သူမှာ ပေါင်နှင့် လက်မောင်းတစ်ဖက် ရှပ်ထိဒဏ်ရာ ရရှိခဲ့သည်။

ကလေးငယ်တွင်မူ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...