KTCS ဓမ္မတက္ကသိုလ်ဘွဲ့ယူရန် ဖားကန့်မှဆင်းလာသော ကျောင်းသားမိသားစု ပစ်ခတ်ခံရ

KTCS ဓမ္မတက္ကသိုလ်ဘွဲ့ယူရန် ဖားကန့်မှဆင်းလာသော ကျောင်းသားမိသားစု ပစ်ခတ်ခံရ

မြစ်ကြီးနား နောင်နန်း KTCS ဓမ္မတက္ကသိုလ်ဘွဲ့နှင်းသဘင်ပါဝင်ရန် ဖားကန့်မှဆင်းလာသော မိသားစုတစ်စုသည် လမ်းခုလတ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ပစ်ခတ်မှုခံရသောကြောင့် မြစ်ကြီးနားရှိ ဆေးရုံတစ်ခုတွင် ဆေးကုသခံယူနေရသည်ဟု သိရသည်။

ဖားကန့်မြို့ ကျောက်ဖျာကျေးရွာမှ မြစ်ကြီးနားသို့ မေလ ၄ ရက်နေ့တွင် ဆင်းသွားသူများဖြစ်ပြီး လမ်းခရီးတွင် တိုက်ပွဲဖြစ်နေသည့်အခြေအနေနှင့်ကြုံရကာ အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်လိုက်သော သေနတ်ကျည်ထိမှန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြသည်ဟု သိရသည်။

“သူ့အမရော သူ့အမရဲ့ကလေးရော ဆိုင်ကယ်နှင့်ဆင်းလာတာကို ၅ မိုင်လောက်မှာ တိုက်ပွဲဖြစ်နေတယ်ထင်တယ်။ အဲ့လိုတော့ပြောတယ်။ သူတို့မိုင်းဖောက်တာကြောင့်မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ထဲမှာ သူတို့မောင်နှမတွေဆင်းလာတာကြောင့် စစ်တပ်ဘက်မှ ပစ်လိုက်တာ ထိသွားတာ” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူမှာ နောင်းနန်း KTCS ဓမ္မတက္ကသိုလ် B.th နောက်ဆုံးနှစ်ပြီးထားသူဖြစ်ကြောင်း သိရသည်။

မောင်နှမနှစ်ဦးထဲမှ မောင်ဖြစ်သူမှာ ခြေနှစ်ဖက် သေနတ်ကျည်ထိမှန်တာဖြစ်ပြီး အစ်မဖြစ်သူမှာ ပေါင်နှင့် လက်မောင်းတစ်ဖက် ရှပ်ထိဒဏ်ရာ ရရှိခဲ့သည်။

ကလေးငယ်တွင်မူ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း သိရသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...