နွေဦးတော်လှန်ရေးအတွင်း မွန်ပြည်နယ်တွင် ကျဆုံးခဲ့သူ (၈) ဦးရှိ

နွေဦးတော်လှန်ရေးအတွင်း မွန်ပြည်နယ်တွင် ကျဆုံးခဲ့သူ (၈) ဦးရှိ

စစ်အာဏာရှင်ကိုဆန့်ကျင်သည့် နွေဦးတော်လှန်ရေးအတွင်း မွန်ပြည်နယ်တွင် ကျဆုံးခဲ့သူစုစုပေါင်း (၈) ဦး ရှိသွားပြီဖြစ်ပါသည်။

ယနေ့ ဧပြီလ (၅) ရက်နေ့အထိ ကျဆုံးသူစာရင်းများအရ ကျား (၇) ဦး၊ မ (၁) တစ်ဦး ကျဆုံးခဲ့ကာ ကျဆုံးခဲ့သူများထဲတွင် အသက် (၁၈) နှစ်မပြည့်သေးသည့် ကလေးငယ်များလည်းပါဝင်ခဲ့ကြောင်း သိရပါသည်။

စစ်အုပ်စု၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ဆန္ဒဖော်ထုတ်သူများအပြင် သာမာန်အရပ်သားများပါ သေနတ်ထိမှန်ကျဆုံးခဲ့ရပါသည်။

သံလွင်တိုင်းမ်မှရရှိသည့် အချက်အလက်များအရ ဦးခေါင်းကျည်ထိမှန်ပြီး ကျဆုံးသူမှာ (၄) ဦးရှိပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကို ကျည်ထိမှန်ခဲ့ပြီး ကျဆုံးသူမှာ (၄) ဦး ရှိခဲ့ပါသည်။

ယနေ့ ဧပြီလ (၅) ရက်နေ့အထိ စာရင်းများအရ စစ်အုပ်စု၏အကြမ်းဖက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကျဆုံးခဲ့သူ (၅၇၀) ဦးရှိပြီး ထိုအထဲတွင် ကလေးငယ်များလည်း ပါဝင်နေပါသည်။

ပုံအညွှန်း - နွေဦးတော်လှန်ရေးတွင် မွန်ပြည်နယ်အတွင်း ကျဆုံးသွားသူတွေရဲ့ အမည်၊ အသက်နှင့် ကျဆုံးခဲ့သည့် မြို့နယ်များကို စုစည်းဖော်ပြပေးထားပါသည်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...