အာဏာသိမ်းစစ်တပ်၏ လေယာဉ် ၁ စီးကို KIA ပစ်ချလိုက်ကြောင်း ဒေသခံများဆို

အာဏာသိမ်းစစ်တပ်၏ လေယာဉ် ၁ စီးကို KIA ပစ်ချလိုက်ကြောင်း ဒေသခံများဆို

မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော ကျေးရွာအရှေ့ဘက်ရှိ စလောင်းကုန်းတွင် ယနေ့ နံနက် ၉ နာရီခန့်က အာဏာသိမ်းစစ်တပ်မှ လေယာဉ် ၂ စီးဖြင့် သွားရောက်တိုက်ခိုက်ရာ လေယာဉ် ၁ စီး ပစ်ချခံလိုက်ရကြောင်း ဒေသခံများကပြောသည်။

"ဒီမနက် ၉ နာရီလောက်ကနေ တိုက်ပွဲပြန်ဖြစ်တယ်။ စစ်တပ်ဘက်က လေယာဥ် ၂ စီးနဲ့ လာပစ်တာကို တစ်စီးက ထိသွားတယ်လို့သိရတယ်။ မီးခိုးနဲ့ ပြာကျသွားတယ်တဲ့။ လမ်းသွားတဲ့သူတွေကတောင် ဆက်သွားလို့မရဘဲ ပိတ်နေကြတယ်တဲ့။ တိုက်ပွဲက အခုထိဖြစ်နေတုန်း။ ရွာကနေ လက်နက်ကြီးသံတွေ ကြားနေရသေးတယ်" ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

တိုက်လေယာဉ် ၁ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပစ်ချလိုက်ကြောင်း ဒေသခံများ ပြောဆိုနေသော်လည်း KIO ဗဟိုဌာနချုပ်မှ အတည်ပြုချက်တော့ မရသေးပေ။

နယ်စပ်သတင်းများတွင် ယနေ့နံနက် လေယာဉ်ပျက်ကျသည်မှာ မှန်ကန်ကြောင်း ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်တပ်သည် မိုးမောက်မြို့နယ်ရှိ အဆိုပါ မြို့သစ်၊ ကုန်းလော ကျေးရွာတစ်လျှောက်ကို နေ့စဉ် တိုက်လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်နေသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်သည်။

အာဏာသိမ်းစစ်တပ်သည် ထိုဒေသတွင် KIA ကိုတိုက်ခိုက်ရန် အင်အားအများအပြား တိုးချဲ့ထားသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...