အာဏာသိမ်းစစ်တပ်၏ လေယာဉ် ၁ စီးကို KIA ပစ်ချလိုက်ကြောင်း ဒေသခံများဆို

အာဏာသိမ်းစစ်တပ်၏ လေယာဉ် ၁ စီးကို KIA ပစ်ချလိုက်ကြောင်း ဒေသခံများဆို

မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော ကျေးရွာအရှေ့ဘက်ရှိ စလောင်းကုန်းတွင် ယနေ့ နံနက် ၉ နာရီခန့်က အာဏာသိမ်းစစ်တပ်မှ လေယာဉ် ၂ စီးဖြင့် သွားရောက်တိုက်ခိုက်ရာ လေယာဉ် ၁ စီး ပစ်ချခံလိုက်ရကြောင်း ဒေသခံများကပြောသည်။

"ဒီမနက် ၉ နာရီလောက်ကနေ တိုက်ပွဲပြန်ဖြစ်တယ်။ စစ်တပ်ဘက်က လေယာဥ် ၂ စီးနဲ့ လာပစ်တာကို တစ်စီးက ထိသွားတယ်လို့သိရတယ်။ မီးခိုးနဲ့ ပြာကျသွားတယ်တဲ့။ လမ်းသွားတဲ့သူတွေကတောင် ဆက်သွားလို့မရဘဲ ပိတ်နေကြတယ်တဲ့။ တိုက်ပွဲက အခုထိဖြစ်နေတုန်း။ ရွာကနေ လက်နက်ကြီးသံတွေ ကြားနေရသေးတယ်" ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

တိုက်လေယာဉ် ၁ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပစ်ချလိုက်ကြောင်း ဒေသခံများ ပြောဆိုနေသော်လည်း KIO ဗဟိုဌာနချုပ်မှ အတည်ပြုချက်တော့ မရသေးပေ။

နယ်စပ်သတင်းများတွင် ယနေ့နံနက် လေယာဉ်ပျက်ကျသည်မှာ မှန်ကန်ကြောင်း ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်တပ်သည် မိုးမောက်မြို့နယ်ရှိ အဆိုပါ မြို့သစ်၊ ကုန်းလော ကျေးရွာတစ်လျှောက်ကို နေ့စဉ် တိုက်လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်နေသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်သည်။

အာဏာသိမ်းစစ်တပ်သည် ထိုဒေသတွင် KIA ကိုတိုက်ခိုက်ရန် အင်အားအများအပြား တိုးချဲ့ထားသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...