PSI စလောင်းများဖြုတ်သိမ်းရန် နမ္မတီး အုပ်ချုပ်ရေးမှုးနှင့် ရဲများက လိုက်လံခြိမ်းခြောက်နေ

PSI စလောင်းများဖြုတ်သိမ်းရန် နမ္မတီး အုပ်ချုပ်ရေးမှုးနှင့် ရဲများက လိုက်လံခြိမ်းခြောက်နေ

မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် PSI စလောင်းတပ်ဆင်ထားသူများ အမြန်ဖြုတ်သိမ်းရန်နှင့် လိုက်နာခြင်းမပြုပါက အရေးယူခြင်းခံရမည်ဟု အာဏာသိမ်းစစ်ကောင်စီက အော်လံဖြင့် လိုက်လံခြိမ်းခြောက်နေကြောင်း နမ္မတီးဒေသခံများ ပြောသည်။

ဧပြီလ ၂၇ ရက်ည ၉ နာရီခန့်က နမ္မတီး အုပ်ချုပ်ရေးမှုးနှင့် ရဲတပ်ဖွဲ့များက မြို့လမ်းမအတိုင်း အော်လံဖြင့် လိုက်လံ ခြိမ်းခြောက်ခဲ့ကြောင်း နမ္မတီး-လမ်းခွကျေးရွာတွင်နေထိုင်သော ပြည်သူတစ်ဦးက ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။

“သူတို့က တရားမဝင်တဲ့ ထိုင်း PSI စလောင်းတွေကို အသုံးပြုနေတာတွေ ဖြုတ်သိမ်းပေးဖို့ အော်လံနဲ့ လိုက်ပြောတယ်။ တရားဥပဒေနဲ့ အရေးယူမယ်တဲ့”ဟု ပြောဆိုသည်။

PSI စလောင်းများ အသုံးမပြုရန်အပြင် သတ်မှတ်ထားသည့် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရန်နှင့် မိမိအိမ်တွင် လက်နက်ထားရှိပါက လာရောက်အပ်နှံရန် စသည့်အချက်တို့ကို အော်လံဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လကလည်း နမ္မတီးမြို့ ကံလှကျေးရွာတွင် PSI စလောင်းတပ်ဆင်ထားသူများကို ဒဏ်ကြေး ၂၀၀၀၀ ပေးဆောင်ရမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်သားများက လိုက်လံ သတိပေးခဲ့ဖူးကြောင်း ဒေသခံများ ပြောသည်။

အာဏာသိမ်းစစ်တပ်က မိုဘိုင်းအင်တာနက်လိုင်းနှင့် Broadband အင်တာနက်လိုင်းများကို ပိတ်ထားပြီး တစ်နိုင်ငံလုံးကို သတင်းအမှောင်ချထားချိန် ပြည်သူများက PSI စလောင်းမှတင်ဆင့် အင်တာနက်မလိုဘဲ DVB နှင့် Mizzima ရုပ်သံများကို ကြည့်ရှုခွင့်ရရှိနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

ကချင်သတင်းဌာန (Kachin News Group) နှင့် BNI တို့ ပူးပေါင်းတင်ဆက်သော အပတ်စဉ် ကချင် (ဂျိန့်ဖော့) ဘာသာဖြင့် Ethnic Language TV အစီစဉ်ကိုလည်း စနေနေ့တွင် DVB ရုပ်သံလိုင်းမှ အင်တာနက်လိုင်းမလိုဘဲ ထုတ်လွင့်နေသည်ကို သိရသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်က အင်တာနက်လိုင်းဖြတ်တောက်မှုကြောင့် အများပြည်သူမှ PSI စလောင်းမှတဆင့်သာ သတင်းများကို ကြည့်ရှုခွင့်ရနေခြင်းဖြစ်သည်။

Photo Credit: PSI စလောင်းဖြုတ်သိမ်းရန် စစ်တပ်က ဖိအားပေးသဖြင့် နမ္မတီးဒေသခံများ တန်ပြန် ဆန္ဒဖော်ထုတ် (ဧပြီ ၂၈ ရက်)

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...