စစ်တပ်ကို ဆန့်ကျင်တော်လှန်ခြင်းမပြုရန် ပူတာအို ဘာသာရေးနှင့်ယဉ်ကျေးမှုအဖွဲ့များကို စည်းရုံး

စစ်တပ်ကို ဆန့်ကျင်တော်လှန်ခြင်းမပြုရန် ပူတာအို ဘာသာရေးနှင့်ယဉ်ကျေးမှုအဖွဲ့များကို စည်းရုံး

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်ခြင်းမပြုလုပ်ရန် ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ က ပူတာအိုရှိ ဘာသာရေးနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများကို ငွေကြေးပေးကာ စည်းရုံးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧပြီ ၂၆ ရက်နေ့ ညနေပိုင်း ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန် က ပူတာအိုမြို့သို့ ရောက်လာခဲ့ပြီး ယဥ်ကျေးမူအဖွဲ့အားလုံး နှင့် ဘာသာပေါင်းစုံ မှ တာဝန်ရှိသူများကို ခရိုင်စုပေါင်းရုံးတွင် ၁ နာရီကြာခေါ်ယူတွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံမူတွင် စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအတိုင်း အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာထိန်းခြင်းသာဖြစ်ကြောင်းနှင့် စစ်တပ်ကို ဆူပူဆန့်ကျင်တော်လှန်မူများ မပြုလုပ်ရန် ပြောဆိုခဲ့သည်ဟု အဆိုပါတွေ့ဆုံမှုတွင် ပါဝင်တက်ရောက်ခဲ့သော အမည်မဖော်လိုသူတစ်ဦးက ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။

“ကောင်စီ ဥက္ကဋ္ဌ လာပြောသွားတာက အာဏာသိမ်းတာမဟုတ်ဘူး။ အာဏာထိန်းတာတဲ့။ အရင်တုန်းက အာဏာသိမ်းတာက စစ်သားတွေအုပ်ချုပ်တာတဲ့။ အခုက သူတို့အရပ်သားတွေဘဲ အုပ်ချုပ်နေတယ်လို့ပြောသွားတယ်။ နောက်ပြီး တစ်နှစ်ပြည့်ရင် ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်လို့ပြောသွားတယ်။ အဲ့ကြောင့် ဘာမှဆန့်ကျင်စရာမလိုဘူးတဲ့။ သူတို့ပြောတာ ကြည့်ရင် လာစည်းရုံးတယ်လို့ဘဲမြင်တယ်” ဟု ပြောဆိုသည်။

ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပူတာအိုရှိ ဘာသာပေါင်းစုံ ခွဲယူစေရန် ငွေကျပ် သိန်း၂၀ နှင့် ယဥ်ကျေးမူပေါင်းစုံအတွက် ငွေကျပ် ၁၅သိန်း ပေးသွားသည်ဟု ဆိုသည်။

အာဏာသိမ်းစစ်တပ်၏ ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပူတာအိုမြို့သို့ ယခု ပထမအကြိမ် သွားရောက်ခြင်းဖြစ်သည်ဟု သိရသည်။

ပူတာအိုမြို့သည်လည်း အခြားမြို့များနည်းတူ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဖမ်းဆီးတရားစွဲခံထားရသူများရှိနေသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...