ဟိုပင် တစ်ဝက်ချောင်းတံတား ၂ စင်းဗုံးခွဲခံရ

ဟိုပင် တစ်ဝက်ချောင်းတံတား ၂ စင်းဗုံးခွဲခံရ

ဟိုပင်မြို့နှင့် ၂မိုင်ခန့်ဝေးသော တဝက်ချောင်း ကားလမ်းနှင့် ရထားလမ်း ၂ခု ဧပြီလ ၂၇ရက်နေ့ ည ၁၁နာရီခန့်က မိုင်းခွဲ ခံထားရကြောင်း သိရသည်။

ဟိုမြို့အထွက် မြောက်ဘက် ကြာကြီးကွင်းကြာတွင် ကပ်ယက်ရှိသော တဝက်ချောင်းတံတားနှင့် မီးရထားလမ်း ၂ခု မိုင်းခွဲခံရကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ည ၁၁နာရီလောက်ရှိပြီ။ တံတား ၂ခုစလုံး မိုင်းခွဲခံရတယ်။ လူနဲ့ကားသွားတဲ့ကုန်းလမ်းတံတား ဘာမှမဖြစ်ဘူး။ သွားလို့ရတယ်။ ဒါပေမယ့် သံလမ်း မီးရထားလမ်းက တော်တော်လေး ဆိုးသွားတယ်။ တစ်ဖက်က သံဘောင်က ပျက်ထွက်သွားတယ်။ လောလောဆယ်သွားလို့မရသေးဘူး” ဟု ပြောဆိုသည်။

တံတားဗုံးခွဲခံရပြီးနောက် အဆိုပါ တံတားအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီး ၆ ကြိမ်ခန့် ပစ်ခတ်ခဲ့သည့်အသံ ကြားရသည်ဟု ဒေသခံများပြောသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...