ဟိုပင် တစ်ဝက်ချောင်းတံတား ၂ စင်းဗုံးခွဲခံရ

ဟိုပင် တစ်ဝက်ချောင်းတံတား ၂ စင်းဗုံးခွဲခံရ

ဟိုပင်မြို့နှင့် ၂မိုင်ခန့်ဝေးသော တဝက်ချောင်း ကားလမ်းနှင့် ရထားလမ်း ၂ခု ဧပြီလ ၂၇ရက်နေ့ ည ၁၁နာရီခန့်က မိုင်းခွဲ ခံထားရကြောင်း သိရသည်။

ဟိုမြို့အထွက် မြောက်ဘက် ကြာကြီးကွင်းကြာတွင် ကပ်ယက်ရှိသော တဝက်ချောင်းတံတားနှင့် မီးရထားလမ်း ၂ခု မိုင်းခွဲခံရကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ည ၁၁နာရီလောက်ရှိပြီ။ တံတား ၂ခုစလုံး မိုင်းခွဲခံရတယ်။ လူနဲ့ကားသွားတဲ့ကုန်းလမ်းတံတား ဘာမှမဖြစ်ဘူး။ သွားလို့ရတယ်။ ဒါပေမယ့် သံလမ်း မီးရထားလမ်းက တော်တော်လေး ဆိုးသွားတယ်။ တစ်ဖက်က သံဘောင်က ပျက်ထွက်သွားတယ်။ လောလောဆယ်သွားလို့မရသေးဘူး” ဟု ပြောဆိုသည်။

တံတားဗုံးခွဲခံရပြီးနောက် အဆိုပါ တံတားအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီး ၆ ကြိမ်ခန့် ပစ်ခတ်ခဲ့သည့်အသံ ကြားရသည်ဟု ဒေသခံများပြောသည်။

May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...