ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲနေ

ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲနေ

ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု ၄ ကြိမ်ရှိခဲ့ပြီး ထိုအထဲတွင် အစိုးရစုပေါင်းရုံးနှင့် လေယာဉ်ကွင်းတို့ ပါဝင်ခဲ့သည်ဟု သိရသည်။

ဧပြီလ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်း ၈နာရီခွဲအချိန်ခန့်တွင် ဗန်မော်မြို့တွင်း အစိုးရစုပေါင်းရုံးရှေ့တွင် ဗုံးပေါက်ကွဲမူတစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

“ဒီမနက် ၈နာရီခွဲလောက်မှာဟုတ်တယ်။ စုပေါင်းရုံးရှေ့မှာ ဟုတ်တယ်တဲ့။ အသံတအားကျယ်တယ်။ မြေကြီးတောင်ခါတယ်။ ဒီချိန်မှာက ဘယ်သူလုပ်တယ်ဆိုတာက ခွဲခြားပြီးပြောဖို့ အရမ်းခက်ခဲနေတယ်။ ဒီရက်ပိုင်းအတွင်းမှာဘဲ မြို့တွင်း ဗုံးပေါက်ကွဲမူ ဆက်တိုက်ဖြစ်နေတယ်” ဟု ပြောဆိုသည်။

ဧပြီလ ၂၅ နှင့် ၂၆ ရက်နေ့ကလည်း ဗန်းမော် လေယာဉ်ကွင်းအနီးတွင် ဗုံးစုစုပေါင်း ၃ ကြိမ် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများပြောသည်။

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲ ပြင်းထန်လျက်ရှိနေပြီး အာဏာသိမ်းစစ်တပ်မှ လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...