မိုးကောင်းမြို့အနီး အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဒေသခံများပြော

မိုးကောင်းမြို့အနီး အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဒေသခံများပြော

မိုးကောင်းမြို့အထွက် ဖားကန့်သွားလမ်းမကြီးပေါ်ရှိ သုံးမိုင်ကွေ့ နားတွင် မိုးကောင်းဘက်မှတက်လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကားယာဥ်တန်းများ မိုင်းခွဲခံလိုက်ရကြောင်း သတင်းရရှိပါသည်။

ဧပြီလ ၂၆ရက်နေ့ ညနေပိုင်း ၅နာရီခန့်က မိုးကောင်းမြို့မှ တင့်ကား ၃စီးနှင့် စစ်သားအပြည့် ကား ၂စီး မိုးကောင်းမြို့မှထွက်လာရာ သုံးမိုင်ကွေ့နားတွင် မိုင်းခွဲခံလိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

“ဒီ မိုးကောင်းမြို့အထွက် ဘယ်ဘက်ကိုချိုးလိုက်ရင် ဆားမှော်သွားတဲ့လမ်းပေါ့ အဲ့မှာ သုံးမိုင်ကွေ့နားလောက်မှာ ဆွဲခံလိုက်ရတယ်လို့ကြားရတယ်။ ကျနော်တို့ မိုးကောင်းကနေတက်သွားလိုက်တာက တင့်ကား ၃စီးရေ။ နောက်ပြီး စစ်ကားက ၂စီး စစ်အင်အားအပြည့်ဘဲ။ ဆားမှော်ဘက်က လူတွေပြောတာက မိုင်းခွဲခံရတာကသေချာတယ်။ ဒါပေမယ့် ဘယ်နှစ်စီးထိသွားတယ်ဆိုတာက တိတိကျကျမသိရသေးဘူးလို့ ပြောနေကြတယ်။ နောက်ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းပါတယ်လို့ကြားတယ်”ဟု မိုးကောင်း ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။

ယမန်နေ့ည မိုင်းခွဲတိုက်ခိုက်ခံလိုက်ရသည့်အတွက် ယနေ့ နံနက်ပိုင်းမှစတင်ပြီး မိုးကောင်းမြို့အထွက် မြစ်ကြီးနားသို့သွားသည့် လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများ၏ ဖုန်းနှင့် အခြားစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...