စီမံဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဒုဝန်ကြီး မင်းဇေယျာဦးနှင့် ဆက်သွယ်မေးမြန်းချက်

စီမံဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဒုဝန်ကြီး မင်းဇေယျာဦးနှင့် ဆက်သွယ်မေးမြန်းချက်

မေး-အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုတိယဝန်ကြီးရွေးချယ်ခံလိုက်ရတဲ့အပေါ် မွန်သတင်းအေဂျင်စီအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းပဏာမ ပြောကြားလိုပါတယ်၊ ပထမဆုံးသိလိုတာက မွန်တိုင်းရင်းသားတစ်ယောက်အနေနဲ့ NUG အစိုးရအဖွဲ့ထဲမှာ ဘယ်လိုနဲ့ပါဝင်ဖြစ်ခဲ့သလဲပေါ့?

ဖြေ- ကျနော် ဒီ NUG အစိုးရမှာ ပါဝင်တယ်ဆိုတာက မွန်ဒီမိုကရက်တစ်အင်အားစုတစ်ခုကနေ နိုင်ငံရေးလမ်းကြောင်းသစ်ဖော်တာဆိုတော့ အဲ့အစုအဖွဲ့က MSICC လို့ခေါ်ပါတယ်၊ နာမည်အပြည့်အစုံက မွန်ပြည်နယ်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ Mon State Interim Coordination Committee- MSICC လို့ခေါ်ပါတယ်၊ ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက်လည်း အတူတူပေါ့၊

အဲ့ဒီကနေပဲ ကျနော်တို့ကိုရွေးချယ်ပြီးတော့ CRPH ကို နာမည်စာရင်းပေးပို့ထားတယ်။ MSICC နောက်က ပုဂ္ဂိုလ်/အဖွဲ့အစည်းတွေကိုလဲ အမည်ဖော်ပြစရာလဲ မလိုသေးပါဘူး။ ဒါပေမယ့် ကျနော်တို့က MSICC က ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်၊ နောက်ထပ်လာမယ့် ဝန်ကြီးတစ်ပါးရောပဲ။ တချို့က တစ်သီးပုဂ္ဂလလိုမျိုး ထင်နေမှာစိုးလို့တဲ့အခါကျတော့ ကျနော်တို့ကလဲ နိုင်ငံရေးအရ ဖော်ပြလို့မရတဲ့အပိုင်းကနေ အများကြီးရှိတယ်။

မေး-ဟုတ်ကဲ့ နောက်သိလိုတာက စီမံဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေနဲ့ အခုလတ်တလော ဘာလုပ်ငန်းတွေကို ချမှတ်အကောင်အထည်ဖော်နေပါသလဲ?

ဖြေ- ကျနော်တို့ စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှာ ကျနော်စတင်တာဝန်ထမ်းဆောင်နေပါပြီ၊

ကျနော်တို့ဝန်ကြီးဌာနမှာက အဓိကလုပ်ငန်းကြီး နှစ်ရပ်ကို ချမှတ်ဆောင်ရွက်နေပါတယ်၊ ပထမတစ်ရပ်က အကြမ်းဖက်စစ်ကောင်စီဆီကို ငွေကြေးတွေမဝင်အောင် တားဆီးပိတ်ဆို့တဲ့လုပ်ငန်းစဉ်တစ်ခုနဲ့ နောက်တစ်ခုက NUG အစိုးရဘတ်ဂျက်တွေ လည်ပတ်စီးဆင်းဖို့ စွမ်းဆောင်တာရယ်၊ ကျနော်တို့တွေ ဒီလုပ်ငန်းရပ်နှစ်ခုကို အဓိကလုပ်နေပါတယ်။ တစ်ချို့လုပ်ငန်းတွေကျတော့လည်း လုပ်နေဆဲ၊ ကြိုးစားနေဆဲ၊ တစ်ချို့အပိုင်းတွေမှာ ကျနော်တို့အောင်မြင်တဲ့အပိုင်းတွေလည်း အများကြီးရှိပါတယ်။ လောလောဆယ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်ပြောပြဖို့တော့ ကျနော့်အနေနဲ့ အဆင်မပြေဘူးဖြစ်နေတယ်၊ ဒါကိုနားလည်ပေးစေလိုတယ်။

မေး- ဘတ်ဂျက်အပိုင်း လျာထားတာနဲ့ပတ်သက်ပြီး ပြောလို့ရသလောက် ပြောပေးပါလား?

ဖြေ- ဟုတ်ကဲ့ အဲ့ဒါကတော့ ဒီလိုပါ လက်ရှိဝန်ကြီးဌာနတိုင်းမှာ အသုံးစရိတ်တွေ ဘတ်ဂျက်တွေ ရှိပါလိမ့်မယ်၊ ဌာနအသီးသီးက ဘတ်ဂျက်တွေကို ရေးဆွဲပြီးတော့ ကျနော်တို့ဝန်ကြီးဌာနဆီကို ပို့ရမယ်၊ ရောက်တဲ့ဝန်ကြီးဌာနက ဒီဘတ်ဂျက်တွေ ပြည့်၊ မပြည့် ကျနော်တို့ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ ချပြီးတော့ ကျနော်တို့ ဆက်တိုက်ဆောင်ရွက်နေပါတယ်။ တစ်ချို့ဝန်ကြီးဌာနအတွက် ဘတ်ဂျက်တင်မယ့်ကာလကို ဒီနှစ်ကုန်အထိ သတ်မှတ်ထားတာရှိတယ်၊ အဲဒီကာလအတွင်း တင်ပေးပါလို့ သတ်မှတ်ထားတယ်။ ကော်မတီဘတ်ဂျက်လို ကျနော်တို့စီစဉ်ထားတာမျိုးရှိပါတယ်၊ ခုလက်ရှိလဲ လုပ်နေတယ် သို့သော်လည်းပဲ လုပ်ငန်းစဉ်တွေ ဆက်လုပ်သွားဖို့လဲ ရှိနေတယ်။

မေး-ဒါ့အပြင် တခြားအစီအစဉ်တွေ ဘာရှိသေးလဲ?

ဖြေ- CDM အတွက် ကျနော်တို့ဌာန ဘတ်ဂျက်ရေးဆွဲထားပါတယ်၊ CDM တွေမကဘူး၊ စစ်ပြေးဒုက္ခသည်တွေအတွက်လဲ ဘတ်ဂျက်စီစဉ်ဆောင်ရွက်နေတာမျိုးလဲ ရှိပါတယ်။

မေး-ဟုတ်ကဲ့ လိုအပ်တာကို ဖြည့်စွက်ပြောကြားပေးပါလား”

ဖြေ- အခုကျနော်တို့ NUG အစိုးရ ဆောင်ရွက်နေတဲ့ကိစ္စရပ်တွေဟာ အဓိက ဒီစစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့အတွက်ကို Generation X,Y,Z တို့နဲ့ လက်တွဲပြီးတော့ သူတို့ကျရာနေရာ ကျရာအခန်းကဏ္ဍကနေ သူတို့တော်လှန်နေတယ်၊ ကျနော်တို့လည်း ကျရာတာဝန်ကနေ အစွမ်းကုန်ဆောင်ရွက်နေပါတယ်။ သူတို့ အားလုံးကို ကျနော် အလေးပြုပါတယ်လို့ ပြောချင်ပါတယ်။

Most read this week

May 20, 2024
မွန်ပြည်သစ်ပါတီ-စစ်အာရှင်တိုက်ဖျက်ရေး ( NMSP-AD ) သက်တမ်း ၃ လပြည့်အနေဖြင့် ပြည်တွင်းပြည်ပရှိ...
May 17, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရာသီပွဲတော်အကြောင်းပြကာ ...
May 16, 2024
မွန်အမျိုးသားပညာရေးဌာနအောက်ရှိ စာသင်ကျောင်းတို့တွင် လာမည့်စာသင်နှစ်အတွက် သင်ကြားရေးဝန်ထမ်းအဖြစ်...
May 15, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအတွင်းရှိ ကုလားဂုတ်ကျွန်း၌ ငါးဖမ်းစက်လှေတို့နှင့်...