ချေးငွေတွေကို အမြန်ဆုံးပြန်ဆပ်ဖို့ တောင်သူတွေကို စစ်ကောင်စီ ဖိအားပေး

ချေးငွေတွေကို အမြန်ဆုံးပြန်ဆပ်ဖို့ တောင်သူတွေကို စစ်ကောင်စီ ဖိအားပေး

နိုင်ငံတော်ပိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တောင်သူတွေကို ထုတ်ချေးပေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေ အပါအဝင် ကိုဗစ်ကာလအထူးချေးငွေတွေကို အမြန်ဆုံး ပြန်ဆပ်ဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ တောင်သူတွေက ပြောပါတယ်။

တောင်သူတွေ ထုတ်ယူထားတဲ့ စိုက်ပျိုးစရိတ် မိုးချေးငွေတွေဟာ ၂၀၂၁ ခုနှစ် ဧပြီလ (၁၅)ရက်နေ့ နောက်ဆုံးထား ပေးဆပ်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကတော့ ချေးငွေပေးဆပ်ရမယ့်နေ့ကို ၂၀၂၁ ခုနှစ် ဧပြီ (၁၅) အစား ၂၀၂၂ ခုနှစ် ဧပြီ (၁၅)အဖြစ် သက်တမ်းတစ်နှစ် တိုးမြင့်ပေးလိုက်တယ်လို့ မတ်လ (၁၂)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ကြောင့် တောင်သူအများစုကတော့ စစ်ကောင်စီ အုပ်ချုပ်နေစဉ်မှာ ချေးငွေတွေကို ပြန်ဆပ်မှာ မဟုတ်ဘဲ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ အစိုးရတက်လာမှသာ ပြန်ဆပ်သွားမယ်လို့ ဆိုပါတယ်။

“အခုက အရင်အစိုးရက ထုတ်ချေးပေးထားတဲ့ ကိုဗစ်ကာလအထူးချေငွေ(၅)သိန်းဆိုရင် ပြန်ဆပ်စရာမလိုသေးဘူးလို့ CRPH က ကြေညာထားလို့ တောင်သူအများစုက မဆပ်ကြဘူးလေ၊ နောက်ပြီး နှစ်ဆင့်ချေးငွေဆိုတာ တခြားနိုင်ငံတစ်ခုနေပြီးတော့ ပေါင်းပြီး ထုတ်ချေးပေးထားတာ၊ အားလုံးလည်း သိတဲ့အတိုင်းပဲ ကိုဗစ်ဒဏ်ကိုလည်း ခံထားရတယ်၊ ခုလည်း အာဏာသိမ်းထားတော့ ဆန်စပါးတွေလည်း ဈေးမရှိဘူး၊ ဒါကိုများ ငွေလာတောင်းနေသေးတယ်။ ဒီလိုအခက်အခဲကြုံတွေ့နေရတဲ့ပြည်သူတွေကို ကိုယ်ချင်းစာတရားမရှိဘဲ လုပ်နေတာ၊ ကျွန်တော်တို့ကတော့ မဆပ်နိုင်ဘူး၊ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရကိုပဲ ပြန်ဆပ်ပေးမယ်”လို့ ပေါင်မြို့နယ်က တောင်သူလယ်သမားတစ်ဦးက ပြောပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွေမှာတော့ ချေးငွေတွေကို သတ်မှတ်ကာလအတွင်း ပြန်ဆပ်ဖို့ သတိပေး အကြောင်းစာတွေ ကပ်ထားကြေညာထားပါတယ်။

အခုလို သတိပေး အကြောင်းစာတွေကိုတော့ သတင်းစာ ၊ ဂျာနယ်တွေမှာ ထည့်သွင်းမကြေညာဖို့ ညွှန်ကြားထားတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းတွေက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး (၈၃)ရက်အတွင်းမှာ နိုင်ငံ့စီးပွားရေး အခြေအနေတွေဟာ ကမောက်ကမဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေအပြင် ပြည်တွင်းလုပ်ငန်း အမြောက်အများ ရပ်ဆိုင်းခဲ့လို့ အခွန်ဘဏ္ဍာ အမြောက်အများ ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...