ဖားကန့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း ၂ ခုကို KIA သိမ်းပိုက်

ဖားကန့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း ၂ ခုကို KIA သိမ်းပိုက်

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကန်ဆီး (Ginsi Mare) ကျေးရွာအနီးတဝိုက်တွင် ဧပြီလ ၁၈ရက်နေ့ ညနေပိုင်း ၅နာရီနာအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ အာဏာသိမ်းစစ်တပ်၏ တပ် စခန်း ၂ခုကို သိမ်းယူနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

ကန်ဆီး (Ginsi) ကျေးရွာ၏ အရှေ့ဘက် ၈ မိုင်ခန့် နမ့်ဂျန့် (Nam Jan) ကျေးရွာတွင် တည်ရှိနေသည့် အာဏာသိမ်းတပ်စခန်းတစ်ခုနှင့် ကန်ဆီးကျေးရွာမှ  ၃မိုင်ခန့်ကွာဝေးသော ဂိုင်ဒါးဘွမ့် (Gai Da Bum)၊ တန်းဂေါ်ဘွမ့် (Tang Gau Bum)ရှိ တပ်စခန်း ၂ခုကို သိမ်းယူခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“တိုက်ပွဲဖြစ်တာက မနေ့ည ၅နာရီလောက်ကနေ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ စပြီးကြားရတယ်။ တစ်ညလုံးတိုက်ပွဲ ဖြစ်နေတာ။ နားရင်လည်း ၁နာရီလောက်ဘဲ ပြန်တိုက်နေကြတယ်။ အခုက စစ်တပ်တွေရဲ့ တပ်စခန်း ၂ခုကို သိမ်းယူပြီး နောက်တစ်နေရာမှာပြန်တိုက်နေတယ်”ဟု ပြောဆိုသည်။

လက်ရှိတွင် ဂိုင်ဒါးဘွမ့်နှင့် တန်ဂေါ်ဘွမ့်တောင် ကတ်သလစ်ဆုတောင်းကုန်းအနီးနှင့် ကန်ဆီးဟော (Ginsi Hall) ကျေးရွာတွင်ရှိသော အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများပြန်လည် သိမ်းယူရန် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် ဖားကန့် စစ်တပ်ကုန်း၊ ကန်းဆီးဗျူဟာကုန်းနှင့် ဖားကန့်ဆန်ခါအထက်ရှိ စစ်တပ်ကုန်း ၃နေရာခန့်မှ KIA ရှိသည့်ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်းသိရသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...