မိုင်းနင်းမိသည့် နွားပိုင်ရှင်များကို အာဏာသိမ်းစစ်တပ်က လျော်ကြေးတောင်း

မိုင်းနင်းမိသည့် နွားပိုင်ရှင်များကို အာဏာသိမ်းစစ်တပ်က လျော်ကြေးတောင်း

မိုးမောက်မြို့နယ် နောင်ကွမ်ကျေးရွာ အာဏာသိမ်းစစ်တပ် (အမြောက်တပ်) အနီးထောင်ထားသော မိုင်းများကို နွား နင်းမိပေါက်ကွဲပါက နွားပိုင်ရှင်များကို မိုင်း ၁ လုံးအတွက် ကျပ် ၁ သိန်းစီ ပေးဆောင်ခိုင်းကြောင်း သိရသည်။

အဆိုပါ စစ်တပ်ကို ကျေးရွာအနီးတွင် တည်ထားသောကြောင့် ဒေသခံပြည်သူများအတွက် ယခုလို တစ်ပူပေါ် နှစ်ပူဆင့်သည့် အခြေအနေရှိနေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“မိုင်းနင်းမိတာက ရွာတော်တော်များတယ်။ အခုအတိအကျ သိရတာကတော့ မခွယ်ရွာ၊ နောင်ကွမ်ရွာ ရယ် အဲဒီက နွားကတော့ ၈-၁၀ ကောင်လောက်ရှိတယ်ပေါ့နော်။ နွားမိုင်းနင်းမိပြီဆို ဖမ်းတယ် မိုင်းဖိုးပေးမှ လွတ်တယ်။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဒေသခံတစ်ဦး ပြုစုထားသောစာရင်းအရ နောင်ကွမ်နှင့် မခွယ်ကျေးရွာအပြင် အခြားကျေးရွာမှ ပြည်သူများ၏ နွား ၁၃ ကောင်ခန့် နင်းမိပေါက်ကွဲထားပြီး တစ်ကောင်လျှင် ကျပ် ၁ သိန်းစီ လျှော်ကြေးပေးခဲ့ရသည်ဟု သိရသည်။

“ဒုက္ခတော့ရောက်တာပေါ့။ အခုမိုင်းထောင်ထားတာကတော့ တပ်အပြင်ဘက် ကိုက် ၁၀၀ ပတ်လည်လို့ပြောတာပေါ့။ ဒီနေရာတွေက အရင်ကတည်းက တပ်က ရွာအနီးမှာတည်ထားတာ။ ကျေးရွာက မွေးထားတဲ့နွားတွေက သွားတာပေါ့အဲဘက်။ တချို့က မိုင်းဖိုးလျှော်ရမှာစိုးလို့ သူတို့ နွားမဟုတ်ဘူးဆိုပြီး ငြင်းလိုက်တာလည်းရှိတယ်။” ဟု လက်ရှိအခြေအနေကို ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မြို့သစ်၊ ကုန်းလော၊ စီဟက်ကျေးရွာရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်က လေကြောင်းအပါအဝင် လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ၄ ဦး အသက်သေဆုံးမှု ဖြစ်ကာ၊ ကျေးရွာနေအိမ်များလည်း ပျက်စီးခဲ့ရသည်။

နွားပိုင်ရှင်များကို မိုင်းဖိုး ပြန်လျှော်ခိုင်းသော နောင်ကွမ် အမြောက်တပ်က ပြီးခဲ့သည် မြို့သစ် ကုန်းလော တိုက်ပွဲတွင် လက်နက်ကြီး အများဆုံး ပစ်ခတ်ခဲ့သော တပ်စခန်းဖြစ်သည်ဟု ဒေသခံများ ပြောသည်။

ဗန်းမော်-လိုင်ဇာ-မြစ်ကြီးနား လမ်းမပေါ်ရှိ မြို့သစ်၊ ကုန်းလော၊ စီဟတ် အပြင် ကားလမ်းအနောက်ဘက်ရှိသော နောင်ကွမ် ကျေးရွာများတွင် စစ်တပ်က ကျေးရွာကို အကာအကွယ်ယူကာ အခြေစိုက်တည်ထားသည်ကို တွေ့ရသည်။

ထိုနေရာများသည် လက်ရှိ တိုက်ပွဲပြင်းထန်နေသော KIO ဗဟိုဌာနချုပ် လိုင်ဇာ၏ စစ်ရေးအရအရေးပါသော အလောဘွမ် (Alaw Bum) တပ်စခန်း၏ တောင်ခြေများဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ဗန်းမော်မြို့တွင်လည်း အာဏာသိမ်းစစ်တပ်က စစ်အင်အားအလုံးအရင်း ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...