ဝါးရှောင်ကျေးရွာအထက် စုပေါင်းဂိတ်အနီးတွင် တိုက်ပွဲ ဖြစ်ပွား

ဝါးရှောင်ကျေးရွာအထက် စုပေါင်းဂိတ်အနီးတွင် တိုက်ပွဲ ဖြစ်ပွား

ဝိုင်းမော် ဝါးရှောင်ကျေးရွာအထက် စုပေါင်းဂိတ်အနီးတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

“KIA ဘက်က သူတို့ကို ရွေ့ဖို့ ပြောထားတာ ကြာပြီလို့ သိရတယ်။ ဒီမနက်တော့ တကယ် သွားပစ်တာပေါ့။” ဟု ဒေသခံ တစ်ဦးက ပြေသည်။

ချီဖွေ ဆဒုံး လမ်းဆုံအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေရာနှင့် နီးကပ်သော ဂေါ်ဆက်ယန်ကျေးရွာ ပြည်သူများက ဘုရားကျောင်းတွင် ထွက်ပြေးခဲ့ရကြောင်း သိရသည်။

နံနက် ၅ နာရီခွဲမှစတင်ကာ သေနတ်သံကြားခဲ့ရပြီးနောက် စုပေါင်းဂိတ်တွင်ရှိနေသော အာဏာသိမ်းစစ်တပ်လက်အောက် ရဲနှင့် လဝက ဝန်ထမ်းများလည်း ထွက်ပြေးသွားကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

တိုက်ပွဲသံ ငြိမ်သက်သွားသော်လည်း နံနက် ၉ နာရီလောက်အထိ စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ပုံမှန်အတိုင်းဖြစ်ကာ ငှက်ပျော်တင်သည့် ကုန်တင်ကားများပင် ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏ စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက် သိမ်းပိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...