ဗန်းမော်လေဆိပ်တွင် နံနက်ပိုင်းအတွင်း လေယာဉ် ၇ ကြိမ်ဆင်းပြီး စစ်အင်အားတိုးချဲ့

ဗန်းမော်လေဆိပ်တွင် နံနက်ပိုင်းအတွင်း လေယာဉ် ၇ ကြိမ်ဆင်းပြီး စစ်အင်အားတိုးချဲ့

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အလော့ဘွမ်တိုက်ပွဲတွင် တပ်ရင်းတစ်ခု ချေမှုန်းခံလိုက်ရသော အာဏာသိမ်းစစ်တပ်သည် ယနေ့ ဗန်းမော်လေဆိပ်တွင် စစ်အင်အားတိုးချဲ့မှုများပြုလုပ်နေပြီး မနက်ပိုင်းတွင်ပင် လေယာဉ် ၇ ကြိမ် ဆင်းသက်ခဲ့ကြောင်း ဒေသခံများပြောသည်။

“ကျနော်တို့အမြင်ကိုပြောရမယ်ဆိုရင်တော့ ကျနော်တို့ဗန်းမော်ဘက်မှာ စစ်ကောင်စီဘက်က တော်တော်အထိနာနေလို့ စစ်ကူလာချပေးတာလို့ဘဲ ထင်တယ်။ မနက် ၉နာရီအထိ ဆင်းလာတာ ၅စီး နောက်ထပ် ၂ စီး မြင်လိုက်တယ်”ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲပြင်းထန်နေသော ဗန်းမော်ခရိုင်တွင် အာဏာသိမ်းစစ်တပ်က စစ်အင်အားထပ်ဖြည့်နေပြီး လက်ရှိ ဗန်းမော်တွင် စစ်အင်အား ၈၀၀ ခန့် ထပ်မံရောက်ရှိသည်ဟု ပြောဆိုမူများလည်း ရှိနေသည်။

ထို့အတူ ယခုရက်ပိုင်း KIA တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ အလောဘွမ် (Alaw Bum) သို့ ချီတက်လာသည့် စစ်ကြောင်း ၂ကြောင်းအနက် စစ်ကြောင်းတစ်ကြောင်းသည် တိုက်ခိုက်ချေမှုန်းခံရပြီးနောက် နောက်ထပ်တစ်ကြောင်းကိုလည်း စောင့်ကြည့်နေသည့်အနေအထားတွင် ရှိနေသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် လေကြောင်းလိုင်းများ အချို့ ရပ်နားထားသော်လည်း ယနေ့ဗန်းမော်လေဆိပ်သည် လေယာဉ်ဆင်းသက်သည့် အခေါက်ရေ ၇ ကြိမ်အထက်် ရှိခဲ့သည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...