ဗန်းမော်လေဆိပ်တွင် နံနက်ပိုင်းအတွင်း လေယာဉ် ၇ ကြိမ်ဆင်းပြီး စစ်အင်အားတိုးချဲ့

ဗန်းမော်လေဆိပ်တွင် နံနက်ပိုင်းအတွင်း လေယာဉ် ၇ ကြိမ်ဆင်းပြီး စစ်အင်အားတိုးချဲ့

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အလော့ဘွမ်တိုက်ပွဲတွင် တပ်ရင်းတစ်ခု ချေမှုန်းခံလိုက်ရသော အာဏာသိမ်းစစ်တပ်သည် ယနေ့ ဗန်းမော်လေဆိပ်တွင် စစ်အင်အားတိုးချဲ့မှုများပြုလုပ်နေပြီး မနက်ပိုင်းတွင်ပင် လေယာဉ် ၇ ကြိမ် ဆင်းသက်ခဲ့ကြောင်း ဒေသခံများပြောသည်။

“ကျနော်တို့အမြင်ကိုပြောရမယ်ဆိုရင်တော့ ကျနော်တို့ဗန်းမော်ဘက်မှာ စစ်ကောင်စီဘက်က တော်တော်အထိနာနေလို့ စစ်ကူလာချပေးတာလို့ဘဲ ထင်တယ်။ မနက် ၉နာရီအထိ ဆင်းလာတာ ၅စီး နောက်ထပ် ၂ စီး မြင်လိုက်တယ်”ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲပြင်းထန်နေသော ဗန်းမော်ခရိုင်တွင် အာဏာသိမ်းစစ်တပ်က စစ်အင်အားထပ်ဖြည့်နေပြီး လက်ရှိ ဗန်းမော်တွင် စစ်အင်အား ၈၀၀ ခန့် ထပ်မံရောက်ရှိသည်ဟု ပြောဆိုမူများလည်း ရှိနေသည်။

ထို့အတူ ယခုရက်ပိုင်း KIA တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ အလောဘွမ် (Alaw Bum) သို့ ချီတက်လာသည့် စစ်ကြောင်း ၂ကြောင်းအနက် စစ်ကြောင်းတစ်ကြောင်းသည် တိုက်ခိုက်ချေမှုန်းခံရပြီးနောက် နောက်ထပ်တစ်ကြောင်းကိုလည်း စောင့်ကြည့်နေသည့်အနေအထားတွင် ရှိနေသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် လေကြောင်းလိုင်းများ အချို့ ရပ်နားထားသော်လည်း ယနေ့ဗန်းမော်လေဆိပ်သည် လေယာဉ်ဆင်းသက်သည့် အခေါက်ရေ ၇ ကြိမ်အထက်် ရှိခဲ့သည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...