တပ်ပျက်ကာ ထွက်ပြေးလာသော အာဏာသိမ်း စစ်သားများကို KIA ဖမ်းဆီး

တပ်ပျက်ကာ ထွက်ပြေးလာသော အာဏာသိမ်း စစ်သားများကို KIA ဖမ်းဆီး

ဒေါ့ဖုန်းယန် (Daw Hpum Yang) မြို့နယ်ခွဲရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အလောဘွမ် (Alaw Bum) စခန်းကို ထိုးစစ်ဆင်သော အာဏာသိမ်းစစ်တပ်၏ တပ်ရင်းတစ်ခု ချေမှုန်းခံရပြီးနောက် တပ်သားအယောက် ၃၀ ကျော် တပ်ပျက်ကာ KIA နယ်မြေသို့ ရောက်လာကြောင်း သိရသည်။

အဆိုပါ တပ်ပျက်ပြီး ရောက်ရှိလာသူများကို KIA တပ်မဟာ ၅ တပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးမှုများပြုလုပ်နေပြီး အချို့ကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

“အခုတစ်လော ၄ ရက်လောက် တိုက်ပွဲပြင်းထန်တော့ သူတို့ ပြန်နောက်ဆုတ်သွားတယ်။ နွမ်းလန်၊ မြို့သစ်ဘက်ကို ဆုတ်သွားတယ်။ အဲဒီအဖွဲ့ထဲက အယောက် ၃၀ လောက်က သူတို့တက်လာတဲ့အတိုင်း မဆုတ်ဘဲနဲ့ အရှေ့ကို ပြေးတော့ ကျနော်တို့ဘက်ကို ရောက်လာကြတယ်။” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက က ပြောသည်။

တရုတ်နယ်စပ်အနီး မုန်းဆိုင်ယန် (Mung Seng Yang) ဘက်ကိုလည်း အာဏာသိမ်းစစ်တပ်သားတစ်ဦးက အရပ်ဝတ်ဖြင့် သေနတ်မပါဘဲ ထွက်လာစဉ် ဖမ်းမိထားကြောင်း ဆက်လက်ပြောဆိုသည်။

“တကယ်လို့ ကျနော်တို့ မမိဘူးဆိုရင်တော့ သူတို့က အရပ်ဝတ်နဲ့ တရုတ်ပြည်ဘက်ခြမ်းကို ဝင်းသွားဖို့ဖြစ်မယ်ထင်တယ်။” ဟု ဗိုလ်မှူးကြီး နော်ဘူက သုံးသပ်ပြောဆိုသည်။

KIA ၏ အလောဘွမ် (Alaw Bum) စခန်းကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၁၁ ရက်နေ့ကစတင်ပြီး ဂျက်လေယာဉ် ၊ လက်နက်ကြီး အပြင် အင်အားကြီးမားသော စစ်ကြောင်း ၂ ခုဖြင့် ထိုးစစ်ဆင်ခဲ့ပြီးနောက် စစ်ကြောင်းတစ်ခုသည် ချေးမှုန်းခံရပြီး နောက်ထပ် တစ်ကြောင်းကို စောင့်ကြည့်နေကြောင်း ဆက်လက်ပြောဆိုသည်။

“စစ်ကြောင်း တစ်ခုကမြို့သစ် ကုန်းလော ဘက်ကနေ ဗျူဟာလမ်းမကနေ ပုံမှန်တက်လာတယ်။ တပ်ရင်းမှူးထိတဲ့အဖွဲ့ကတော့ နောက်ဆုတ်သွားပြီ။ အဲဘက်မှာ တစ်ကြောင်းကျန်သေးတယ်။ သူတို့ လှုပ်ရှားတာနဲ့ တိုက်ပွဲဖြစ်တယ်။ အဓိကစစ်ကြောင်းအကြီး ၂ ခုပေါ့။” ဟု ဗိုလ်မှူးကြီး နော်ဘူက က ပြောသည်။

ယခုရက်ပိုင်းအတွင်း ဗန်းမော် (Manmaw) ခရိုင်တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှု များပြားနေသော အာဏာသိမ်းစစ်တပ်က အရပ်သားသုံးလေယာဉ်ဖြင့် ဗန်းမော် လေဆိပ်တွင် စစ်အင်အား ပို့ဆောင်မှုများ ပြုလုပ်နေကြောင်း ဗန်းမော် ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...