‘ယုဇန ကုမ္ပဏီ အလိုမရှိ’ ဆန္ဒဖော်ထုတ်သော ရွာသားတချို့ကို အာဏာသိမ်းစစ်တပ်က ရှာဖွေနေ

‘ယုဇန ကုမ္ပဏီ အလိုမရှိ’ ဆန္ဒဖော်ထုတ်သော ရွာသားတချို့ကို အာဏာသိမ်းစစ်တပ်က ရှာဖွေနေ

ဟူးကောင်းချိုင့်ဝှမ်းဒေသ အာဏာသိမ်းစစ်တပ်အောက် ယုဇနကုမ္ပဏီကို အလိုမရှိကြောင်း ဧပြီလ ၇ ရက်နေ့ ဆန္ဒဖော်ထုတ်ခဲ့သော ဒေသခံခေါင်းဆောင်များကို ရှဒူးဇွပ်ကျေးရွာအခြေစိုက် စစ်တပ်က ရှာဖွေနေကြောင်း သိရသည်။

လီဒိုလမ်းမပေါ်ရှိ တိန်းကောက်၊ အောင်ရာ၊ စံပြ၊ ရှဒူးဇွပ်၊ ဝါရာဇွပ်၊ နှောင်းမီ နှင့် တနိုင်း စသောကျေးရွာများတွင် ယုဇနကုမ္ပဏီကို ထွက်ခွာသွားရန် ကျေးရွာအလိုက် နံနက် ၇ နာရီတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒပြပွဲပြီးနောက် မွန်းလွဲ ၁နာရီခန့်တွင် ဆန္ဒပြပွဲကို ဦးဆောင်သူဟု ယူဆရသောသူ၏ နေအိမ်သို့ စစ်သားများက လာရောက်ရှာဖွေခဲ့ကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

“စစ်သား အယောက် ၁ဝ ကျော်က လယ်တောထဲရောက်လာပြီး လာရှာတယ်။ သူ မရှိတော့ ဖုန်းပြန်ဆက်ခိုင်းတယ်။ ပြီးရင်ပတ်ပတ်လည် ရှာကြတယ်။ မတွေ့တော့ သူပြန်လာရင် ရှဒူးဇွပ်ကျေးရွာက ခလရ (၂၉၇) စစ်သားတွေလာရှာတယ်လို့ပြောပေး။ ပြီးတော့ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး တပ်ရင်းကိုလာခိုင်းလိုက်” ဟု ပြောဆိုခဲ့ကြောင်း ရှာဖွေခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဒေသခံတောင်သူများက ‘ယုဇနကုမ္မဏီအလိုမရှိ၊ မြေယာသည် တောင်သူများအတွက်ဖြစ်သည်၊ မြေယာပိုင်ရှင်သည် ဒေသခံတောင်သူများသာဖြစ်သည်၊ ဒေသခံပြည်သူများသည် CDM ကိုထောက်ခံသည်၊ ယုဇနကုမ္မဏီ ချက်ချင်းထွက်” စသော ကြွေးကြော်သံများနှင့်အတူ မိမိကျေးရွာတွင် မိမိအစီစဉ်ဖြင့် ဆန္ဒပြထုတ်ဖော်ခဲ့ကြောင်း သိရသည်။

စစ်တပ်လက်အောက်ခံ ဦးဌေးမြင့် ဦးဆောင်သော ယုဇနကုမ္ပဏီကို ယခင် ဦးသန်းရွှေ စစ်အစိုးရလက်ထက် ၂၀၀၆ ခုနှစ်ခန့်က ဟူးကောင်းဒေသ မြေဧက ၄ သိန်းကျော်ကို ပီလောပီနံ စိုက်ပျိုးရန် ခွင့်ပြုပေးခဲ့သည်။

ဒေသခံများ၏ မြေယာ မတရားသိမ်းယူထားမှုကို အမြန်စွန့်လွတ်ပေးရန် ဒေသခံများက NLD အပါအဝင် အစိုးရအဆက်ဆက်ကို တောင်းဆိုခဲ့သော်လည်း ၁၄ နှစ်ကြာအထိ နှစ်နာနေရဆဲဖြစ်သည်။

အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ယုဇန ကုမ္ပဏီဝင်းအတွင်း ဂိုဒေါင်နှင့် စက်ယန္တရားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်ဖျက်ဆီးပေးခဲ့ပြီး ဧပြီလ ၇ရက်နေ့ နောက်ဆုံထားပြီး ဟူးကောင်းဒေသမှ ထွက်ခွာသွားရန် ပြောဆိုထားကြောင်း ဒေသခံများမှ သိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ အောက် တပ်ရင်းများနှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲပုံမှန်ဖြစ်ပွားနေသောကာလတွင် ဒေသခံများက ယုဇနကုမ္ပဏီအလိုမရှိကြောင်း အရဲစွန့် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...