ကချင် ခရစ်ယာန်ဘုရားကျောင်းဝင်းများကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ရှာဖွေ

ကချင် ခရစ်ယာန်ဘုရားကျောင်းဝင်းများကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ရှာဖွေ

မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဘုရာကျောင်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၅ရက်ည ၁၀ နာရီခန့်က ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်သားအပြည့် စစ်ကား ၂စီးဖြင့်ရောက်လာပြီး နာရီဝက်ကြာ ရှာဖွေစစ်ဆေးမှုများပြုလုပ်သွားသည်ဟု အသင်းတော် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဘုရာကျောင်းဝင်းအတွင်းကို စစ်ကား ၂စီးနဲ့ရောက်လာပြီး ဝိုင်းထားတယ်။ ပြီးတော့ ဂိတ်စောင့်တဲ့ သူတွေကို ဝင်မေးတာတွေပြုလုပ်တယ်။ ဒီထဲမှာ ဘယ်သူတွေရှိတယ်ဆိုပြီးမေးတယ်။ တာဝန်အရလာစစ်တယ်လို့ပြောသွားတယ်” ဟု ပြောဆိုသည်။

အလားတူ ဧပြီလ ၃ ရက်နေ့ကလည်း မိုးညှင်းမြို့ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ ကတ်သလစ်ဘုရားကျောင်းနှင့် အင်္ဂလီကန် ဘုရားကျောင်းတို့ကို အာဏာသိမ်းစစ်တပ်က ဝင်ရောက် စစ်ဆေးခဲ့သည်ဟု အသင်းတော်တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်ည ၁၀ နာရီခန့်ကလည်း အာဏာသိမ်းစစ်တပ်က စစ်ကား ၁၀ စီးဖြင့် ကချင်ခရစ်ယာန်ဓမ္မတက္ကသိုလ် KTCS ကျောင်းဝန်းသို့ လာရောက်စစ်ဆေးခဲ့သည်။

အရပ်သားအစိုးရထံ အာဏာလုယူသော စစ်တပ်သည် အာဏာသိမ်းပြီး ၁ ရက်အကြာ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပထမဆုံး ခရစ်ယာန်ဂိုဏ်းပေါင်းစုံပါဝင်သော မြစ်ကြီးနားခရစ်ယာန်ကောင်စီ MCC ကိုခေါ်ယူကာ အာဏာသိမ်းသည့်ဖြစ်စဉ်ကို ပြောပြခဲ့သည်ဟု သိရသည်။

သို့သော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုများတွင် ထိုခရစ်ယာန်ဂိုဏ်ပေါင်းစုံလည်း ပါဝင်ခဲ့ကြသည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...