ပညာရေးမွမ်းမံသင်တန်းတက်ရောက်သူများကို သံပုံးတီးဆန္ဒဖော်ထုတ်သောပြည်သူများ ဖမ်းဆီးခံရ

ပညာရေးမွမ်းမံသင်တန်းတက်ရောက်သူများကို သံပုံးတီးဆန္ဒဖော်ထုတ်သောပြည်သူများ ဖမ်းဆီးခံရ

မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှပေးအပ်သော ပညာရေးမွမ်းမံသင်တန်း တက်ရောက်သူများကို ယနေ့ နံနက် လူငယ်များသံပုံးတီးမောင်းထုတ်နေစဉ် ရဲနှင့် စစ်သားများရောက်လာပြီး လူငယ် ၄ ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

နံနက် ၈နာရီခွဲအချိန် မိုးကောင်းမြို့ အထက (၂ )ကျောင်းတွင် မွမ်းမံသင်တန်းတက်နေသော  အလယ်တန်းပြဆရာ/မများကို သံပုံးတီးဆန္ဒပြနေချိန် ရဲနှင့်စစ်သားများက လာရောက်ဖြိုခွဲပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ဦးကို ဖမ်းဆီးသွားသည်ဟု မျက်မြင်သက်သေတစ်ဦးထံမှသိရသည်။

“မွမ်းမံသင်တန်းလာတက်တဲ့ ဆရာ/မများကို သံပုံတီး ဆန္ဒပြတဲ့ သူတွေကို တပ်နဲ့ရဲကလာပြီး ဖမ်းဆီးသွားတယ်။ လာဖမ်းသွားတဲ့အချိန်က ၈နာရီခွဲလောက်ဖြစ်မယ်။ မိန်းကလေး ၃ယောက်နဲ့ ယောက်ကျားလေ ၂ယောက်ဟုတ်တယ်”ဟု ပြောဆိုသည်။

စုစုပေါင်း ၅ ဦး ဖမ်းဆီးခံရသော်လည်း ၁ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းသူက ဆက်ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီမှပေးအပ်သော ပညာရေး စွမ်းရည်မြင့် မွမ်းမံသင်တန်း တက်ရောက်နေသူများကို အလိုမရှိကြောင်း ဧပြီလ ၄ ရက် ယမန်နေ့က ဆန္ဒဖော်ထုတ်ခဲ့သော်လည်း ဖမ်းဆီးခံရခြင်း မရှိခဲ့ပေ။

သို့သော် ယနေ့ သံပုံးတီးကာ မောင်းထုတ်သည့်အစီစဉ် ပြုလုပ်သည့်နေ့တွင် ရဲနှင့် စစ်သားများက လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...