မော်လမြိုင်မြို့အနှံ့မှာ ညပိုင်းတားဆီးစစ်ဆေးမှုများ နေ့စဉ်ရှိနေ

မော်လမြိုင်မြို့အနှံ့မှာ ညပိုင်းတားဆီးစစ်ဆေးမှုများ နေ့စဉ်ရှိနေ

မော်လမြိုင်မြို့အနှံ့မှာ လမ်းသွားလမ်းလာတွေကို ည (၈)နာရီ မထိုးခင်ကတည်းက စစ်အုပ်စုက တားဆီး စစ်ဆေးမှုတွေကို နေ့စဉ် လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရပ်သားတွေ အပြင်မထွက်တော့တဲ့အချိန် ည(၉)နာရီနောက်ပိုင်းမှာ ဗုံးပေါက်တာတွေ ၊ ဗုံးတွေ့တယ်လို ယူဆရတဲ့ သတင်းတွေရှိလာပြီးနောက် စစ်အုပ်စုက အခုလို ခပ်စိပ်စိပ် စစ်ဆေးရေးတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

ဒိုင်းဝန်ကွင်း မီးပွိုင့် ၊ စျေးကြိုအဝိုင်း ၊ မြို့ရှောင်လမ်း ၊ တည်းခိုရိပ်သာအနီးနှင့် Pro One အနီးတို့မှာ ညတိုင်း စစ်ဆေးမှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

ဒီလိုစစ်ဆေးရာမှာ ဆိုင်ကယ်နှင့်ကားတွေကို တားပြီး မေးမြန်းတာတွေ ၊ ဆိုင်ကယ်ဘောက်ဖွင့်တာတွေ ၊ ဘောက်အတွင်း ဝက်အူလှည့် အပါအဝင် ချွန်ထက်တာတွေကို တွေ့ရင် မယူဆောင်လာဖို့ ဖိအားပေးတာတွေကို လုပ်တယ်လို စစ်ဆေးခံခဲ့ရသူတွေက ပြောပါတယ်။

“ ဘောက်တွေကို ဖွင့်ခိုင်းတယ် ဝက်အူလှည့်တို ဘာတို့တွေ့ရင် ချွန်ထက်ပစ္စည်း ဘာညာဆိုပြီး ကြိမ်းမောင်းတယ်။ ဆန်အိတ်တွေကိုလည်း အတင်းထိုးဖောက်ပြီး ကြည့်တယ်”လို စစ်ဆေးခံခဲ့ရသူတွေက ဆိုပါတယ်။

ဒါ့အပြင် ဧပြီလ (၂)ရက်နေ့ ည(၇)နာရီကျော် ဝန်းကျင်မှာလည်း လူနာသွားကောက်တဲ့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲက ဝန်ထမ်းတွေကိုလည်း စစ်အုပ်စုက ဆဲဆိုကြိမ်းမောင်းပြီး ဒူးထောက်ခိုင်းကာ သေနတ်နှင့် ချိန်ရွယ်တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒါ့ကြောင့် မော်လမြိုင်မြို့က လူမှုကယ်ဆယ်ရေးအဖွဲ့တွေဟာ ညပိုင်းကူညီပေးတာတွေကို ရပ်နားလိုက်ပြီးလို့ ဆိုပါတယ်။

June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...
June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...
June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...