ဟားခါးမြို့တွင် တစ်ရက်တည်းအတွင်း အဖမ်းခံရသူ ရှစ်ဦးရှိ

ဟားခါးမြို့တွင် တစ်ရက်တည်းအတွင်း အဖမ်းခံရသူ ရှစ်ဦးရှိ

ချင်းပြည်နယ် ဟားခါးမြို့တွင် ဧပြီ ၂ ရက်နေ့တစ်ရက်တည်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံခဲ့ရသူ ရှစ်ဦးရှိပြီး အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ဖမ်းစီးခံရသူများမှာ ယမန်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် ဂန်ဂေါလမ်းမှာ သွားလာနေသည့် Van Dawt Thaawng, Bawi Cung Nung, Siang Tha Cem, Tum Cung, Siang Ling တို့အား စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ညပိုင်း ၇ နာရီခွဲခန့်တွင် ဦးသာအေးအား ၎င်း၏နေအိမ်တွင် ဝင်ရောက်ဖမ်းစီးခဲ့ပြီး ညပိုင်း ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် Esther Zing Tha Cuai နှင့် အစ်မဖြစ်သူ Aye Maw တို့အား ၎င်းတို့အိမ်သို့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဟားခါးမြို့တွင် ယခုရက်ပိုင်း အကြောင်းအရင်းသေချာမသိရဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြည်သူများအား နေ့စဉ်ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...