စစ်ကောင်စီနှင့် ပူးပေါင်းတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို နည်းလမ်းမျိုးစုံနှင့် ဆန့်ကျင်မည်

စစ်ကောင်စီနှင့် ပူးပေါင်းတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို နည်းလမ်းမျိုးစုံနှင့် ဆန့်ကျင်မည်

စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင့်သွားမယ်လို့ ပေါင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။

ပေါင်မြို့နယ်က ရပ်ကွက်ကျေးရွာ (၅၈) ခုရဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြီးခဲ့တဲ့ လပိုင်းကစတင်ပြီး စစ်ကောင်စီက ခန့်အပ်ခဲ့ပါတယ်။

အဲ့ဒီလို ခန့်အပ်ရာမှာ NLD အစိုးရလက်ထက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး (၆၀) ရာခိုင်နှုန်းနီးပါးက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဆက်လက် တာဝန်ထမ်းဆောင်နေကြပါတယ်။

စစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်ချင်လို့ နှုတ်ထွက်ခဲ့တဲ့ ရပ်ကွက်ကျေးရွာ (၁၉)ခုက အုပ်ချုပ်ရေးမှူးနေရာမှာတော့ အစားထိုးပြီး လူသစ်တွေကို ခန့်အပ်ခဲ့ပါတယ်။

စစ်ကောင်စီနှင့် ပူးပေါင်းတဲ့ အုပ်ချုပ်ရေးမှူးတွေကိုတော့ အသိအမှတ်ပြုမှာမဟုတ်ဘဲ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်သွားမယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

“ဘယ်အချိန်က ဘယ်လိုစည်းရုံးလိုက်ပြီး ခန့်လိုက်တာလည်း မသိခဲ့ကြဘူး၊ သူတို့တွေ ပြည်သူမသိအောင် ခိုးကြောင်ခိုးဝှက်လုပ်သွားကြတာ၊ ပြည်သူ့ဆန္ဒလည်း မပါဘူး၊ ဒါကြောင့် သူတို့တွေ အသစ်ခန့်လိုက်တဲ့သူတွေကို ဘယ်လိုလူတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ အာဏာရှင်ကို ဆန့်ကျင်နေတဲ့ ပြည်သူတွေ စုပေါင်းပြီးတော့ အေးချမ်းတဲ့နည်းလမ်းမျိုးစုံနဲ့ သုံးပြီး ဆန့်ကျင်ကန့်ကွက်မှုတွေ ဆက်လုပ်သွားဖို့ စီစဉ်နေတယ်”လို့ ပေါင်ဒသခံ ကိုစည်သူက ပြောပါတယ်။

ဒါ့အပြင် ဒေသခံတွေအနေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးကို သွားမှာမဟုတ်ဘဲ စစ်ကောင်စီ ညွှန်ကြားတဲ့ ဧည့်စာရင်းတိုင်တဲ့ ကိစ္စရပ်တွေကိုလည်း လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ ပြောရရင် ရပ်ကျေးရုံး မသွားဘူး ။ ထောက်ခံချက် မယူဘူး ။ ဧည့်စာရင် မတိုင်ဘူး။ ရပ်ကျေးရုံး ရှိတယ်လို့တောင် မသတ်မှတ်နိုင်ဘူး။ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း အာဏာရှင်ထောက်ခံတဲ့ အမည်ပျက်စာရင်းထဲ ထည့်မယ် ။ နည်းလမ်းမျိုးစုံနဲ့ အေးအေးချမ်းချမ်းပဲ လုပ်သွားမယ်”လို့ ပေါင်ဒေသခံ ကိုသီဟကလည်း ပြောပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သူတွေကတော့ မြို့နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းထားပြီး နောက်ပိုင်းမှာ ရပ်ကျေးအဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဆက်လက်ဖွဲ့စည်းသွားဖို့လည်း စီစဉ်နေတယ်လို့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီကလည်း ပြောဆိုထားပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...