ယောတီဖာအမှုကို ဧပြီလ ၉ ရက်နေ့ ထပ်မံ ရုံးချိန်း

ယောတီဖာအမှုကို ဧပြီလ ၉ ရက်နေ့ ထပ်မံ ရုံးချိန်း

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရသည့် လီဆူအနုပညာရှင် ယောတီဖာ၏ ဒုတိယရုံးချိန်းကို လာမည့် ဧပြီလ ၉ ရက်နေ့သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

“အမှန်က မနေ့က ဒုတိယရုံးချိန်းဟုတ်တယ်။ ဒါပေမယ့် ဘယ်လိုကြောင့်လဲတော့ မသိဘူး ရုံးချိန်းရက်ကို ဧပြီလ ၉ ရက်နေ့ ပြန်ရွှေ့လိုက်တယ်။” ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

လီဆူအနုပညာရှင် ယောတီဖာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ည ရမ်ပူနယ်မြေ (၂၄) ၎င်း၏ နေအိမ်မှ ည ၁၂ နာရီ အချိန်လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

မျက်မြင်သက်သေတစ်ဦး ပြောကြားချက်အရ စစ်သားဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထားသူအချို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသော ယော်တီဖာကို တရားစွဲဆိုထားသည့် တရားလိုမှာ မြစ်ကြီးနားမြို့နယ်ရဲစခန်းမှ အရာရှိတစ်ဦးဖြစ်ပြီး မည်သူမည်ဝါတိတိကျကျ မသိရပေ။

ဖမ်းဆီးခံထားရသည့် လီဆူအနုပညာရှင်ကိုယော်တီဖာအား မတ်လ ၂၂ ရက်နေ့တွင် ပထမအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပြီးဖြစ်သည်။

ယော်တီဖာသည် ပြီးခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမဲဆွယ်စည်းရုံးရေးတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

တပ်မတော်အကြည်ညိုပျက်စေမူ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)သည် အာမခံပေးလေ့မရှိဘဲ အချုပ်ဖြင့် အမူရင်ဆိုင်ရသည့် ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...