ယောတီဖာအမှုကို ဧပြီလ ၉ ရက်နေ့ ထပ်မံ ရုံးချိန်း

ယောတီဖာအမှုကို ဧပြီလ ၉ ရက်နေ့ ထပ်မံ ရုံးချိန်း

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရသည့် လီဆူအနုပညာရှင် ယောတီဖာ၏ ဒုတိယရုံးချိန်းကို လာမည့် ဧပြီလ ၉ ရက်နေ့သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

“အမှန်က မနေ့က ဒုတိယရုံးချိန်းဟုတ်တယ်။ ဒါပေမယ့် ဘယ်လိုကြောင့်လဲတော့ မသိဘူး ရုံးချိန်းရက်ကို ဧပြီလ ၉ ရက်နေ့ ပြန်ရွှေ့လိုက်တယ်။” ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

လီဆူအနုပညာရှင် ယောတီဖာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ည ရမ်ပူနယ်မြေ (၂၄) ၎င်း၏ နေအိမ်မှ ည ၁၂ နာရီ အချိန်လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

မျက်မြင်သက်သေတစ်ဦး ပြောကြားချက်အရ စစ်သားဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထားသူအချို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသော ယော်တီဖာကို တရားစွဲဆိုထားသည့် တရားလိုမှာ မြစ်ကြီးနားမြို့နယ်ရဲစခန်းမှ အရာရှိတစ်ဦးဖြစ်ပြီး မည်သူမည်ဝါတိတိကျကျ မသိရပေ။

ဖမ်းဆီးခံထားရသည့် လီဆူအနုပညာရှင်ကိုယော်တီဖာအား မတ်လ ၂၂ ရက်နေ့တွင် ပထမအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပြီးဖြစ်သည်။

ယော်တီဖာသည် ပြီးခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမဲဆွယ်စည်းရုံးရေးတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

တပ်မတော်အကြည်ညိုပျက်စေမူ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)သည် အာမခံပေးလေ့မရှိဘဲ အချုပ်ဖြင့် အမူရင်ဆိုင်ရသည့် ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...