ဆွမ်ပရာဘွမ် CDM များကို စွဲချက်တင်သဖြင့် Non CDM အဖြစ်စာရင်းပြန်ပေးနေရ

ဆွမ်ပရာဘွမ် CDM များကို စွဲချက်တင်သဖြင့် Non CDM အဖြစ်စာရင်းပြန်ပေးနေရ

ဆွမ်ပရာဘွမ်မြို့နယ်ရှိ CDM လုပ်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ယင်းတို့ဌာန စစ်ဆေးရေးအဖွဲ့မှ စွဲချက်တင်ခဲ့ပြီးနောက် ယခင် CDM ပြုလုပ်နေသည့် ဝန်ထမ်း အချို့ပင် လက်ရှိတါင် Non-CDM အဖြစ် စာရင်းပြန်ပေးခဲ့ကြောင်း သိရပါသည်။

တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း စုစုပေါင်း (၃၁) ဦး ရှိသည့်အနက် ယခင်က CDM ပါဝင်သူ ၁၃ ဦး ရှိခဲ့ပေမဲ့ ယခုမှာ ၇ ဦးသာ CDM ပါဝင်လျက်ရှိသည်။

“ပထမတော့ စွဲချက်တင်တယ်။ နောက်တစ်ခေါက်တော့ သူတို့စွဲချက်တင်ထားဒါကို နိုးဆော်စာပေါ့နော်။ နောက်တစ်ခုက အလုပ်ကို ပြန်လာဖို့ ခေါ်တဲ့စာ။ CDM လုပ်တဲ့သူတွေကို စွဲချက်တင်ရမယ်ဆိုပြီး ဌာနဆိုင်ရာကခေါ်တယ်။ စစ်ဆေးရေးအဖွဲ့က စုံခုံစစ်ဆေးမယ်ဆိုပြီးခေါ်ဒါတွေရှိပေမဲ့ တုံ့ပြန်မှုမပေးခဲ့ဘူး။” ဟု ဆွမ်ပရာဘွမ် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ဆိုသည်။

ဆွမ်ပရာဘွမ်မြို့နယ်ဟာ လူနေ နည်းပါးတဲ့မြို့ဖြစ်တာကြောင့် ယခင်ကလည်း CDM လုပ်တဲ့ ဝန်ထမ်းများ၏ မိသားစုများကို ထွေအုပ်က ခေါ်ယူသတိပေးမှုများရှိခဲ့သည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...