ဆွမ်ပရာဘွမ် CDM များကို စွဲချက်တင်သဖြင့် Non CDM အဖြစ်စာရင်းပြန်ပေးနေရ

ဆွမ်ပရာဘွမ် CDM များကို စွဲချက်တင်သဖြင့် Non CDM အဖြစ်စာရင်းပြန်ပေးနေရ

ဆွမ်ပရာဘွမ်မြို့နယ်ရှိ CDM လုပ်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ယင်းတို့ဌာန စစ်ဆေးရေးအဖွဲ့မှ စွဲချက်တင်ခဲ့ပြီးနောက် ယခင် CDM ပြုလုပ်နေသည့် ဝန်ထမ်း အချို့ပင် လက်ရှိတါင် Non-CDM အဖြစ် စာရင်းပြန်ပေးခဲ့ကြောင်း သိရပါသည်။

တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း စုစုပေါင်း (၃၁) ဦး ရှိသည့်အနက် ယခင်က CDM ပါဝင်သူ ၁၃ ဦး ရှိခဲ့ပေမဲ့ ယခုမှာ ၇ ဦးသာ CDM ပါဝင်လျက်ရှိသည်။

“ပထမတော့ စွဲချက်တင်တယ်။ နောက်တစ်ခေါက်တော့ သူတို့စွဲချက်တင်ထားဒါကို နိုးဆော်စာပေါ့နော်။ နောက်တစ်ခုက အလုပ်ကို ပြန်လာဖို့ ခေါ်တဲ့စာ။ CDM လုပ်တဲ့သူတွေကို စွဲချက်တင်ရမယ်ဆိုပြီး ဌာနဆိုင်ရာကခေါ်တယ်။ စစ်ဆေးရေးအဖွဲ့က စုံခုံစစ်ဆေးမယ်ဆိုပြီးခေါ်ဒါတွေရှိပေမဲ့ တုံ့ပြန်မှုမပေးခဲ့ဘူး။” ဟု ဆွမ်ပရာဘွမ် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ဆိုသည်။

ဆွမ်ပရာဘွမ်မြို့နယ်ဟာ လူနေ နည်းပါးတဲ့မြို့ဖြစ်တာကြောင့် ယခင်ကလည်း CDM လုပ်တဲ့ ဝန်ထမ်းများ၏ မိသားစုများကို ထွေအုပ်က ခေါ်ယူသတိပေးမှုများရှိခဲ့သည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...