လီဒိုလမ်းမပေါ်တွင် အာဏာသိမ်းစစ်တပ်ကို KIA တိုက်ခိုက်

လီဒိုလမ်းမပေါ်တွင် အာဏာသိမ်းစစ်တပ်ကို KIA တိုက်ခိုက်

ဖားကန့်မြို့နယ် ဒွမ်ဘန်ကျေးရွာနှင့် ခွန်စိုင်ယာန်ကျေးရွာကြား အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၂၀) တို့ကြား ယနေ့ နံနက် ၁၀ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် အင်အား ၁၀၀ ကျော်ခန့်က ခွမ်စိုင်ယာန်ကျေးရွာ ကားလမ်းမ ကြီးဘက်သို့ ဆင်းလာခဲ့ရာ KIA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒွမ်ဘန်ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“ရွာကနေ ပစ်ခတ်ကြတာ သေနတ်ကြီးသံတွေရော သေနတ်သေ သံတွေရောကြားရတယ်။ အခုလည်း အဲ့နေရာမှာ စစ်သားတွေရှိသေးတယ်လို့ သိရတယ်”ဟု ပြောဆိုသည်။

ယနေ့နံနက် တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင်း နောက်ဆက်တွဲအနေဖြင့် ယနေ့ညတွင် ကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်ခံရမည်ကို စိုးရိမ်ကြောင်း ဒွမ်ဘန်ကျေးရွာနှင့် ခွမ်စိုင်ယာန်ကျေးရွာဒေသခံပြည်သူများက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ နှင့် ၁၁ နေရာကို အာဏာသိမ်းစစ်တပ်က မတ်လ ၂၉ ရက်နေ့ ဗုံးသွားကြဲခဲ့ကြောင်း သိရသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...