လီဒိုလမ်းမပေါ်တွင် အာဏာသိမ်းစစ်တပ်ကို KIA တိုက်ခိုက်

လီဒိုလမ်းမပေါ်တွင် အာဏာသိမ်းစစ်တပ်ကို KIA တိုက်ခိုက်

ဖားကန့်မြို့နယ် ဒွမ်ဘန်ကျေးရွာနှင့် ခွန်စိုင်ယာန်ကျေးရွာကြား အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၂၀) တို့ကြား ယနေ့ နံနက် ၁၀ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် အင်အား ၁၀၀ ကျော်ခန့်က ခွမ်စိုင်ယာန်ကျေးရွာ ကားလမ်းမ ကြီးဘက်သို့ ဆင်းလာခဲ့ရာ KIA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒွမ်ဘန်ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“ရွာကနေ ပစ်ခတ်ကြတာ သေနတ်ကြီးသံတွေရော သေနတ်သေ သံတွေရောကြားရတယ်။ အခုလည်း အဲ့နေရာမှာ စစ်သားတွေရှိသေးတယ်လို့ သိရတယ်”ဟု ပြောဆိုသည်။

ယနေ့နံနက် တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင်း နောက်ဆက်တွဲအနေဖြင့် ယနေ့ညတွင် ကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်ခံရမည်ကို စိုးရိမ်ကြောင်း ဒွမ်ဘန်ကျေးရွာနှင့် ခွမ်စိုင်ယာန်ကျေးရွာဒေသခံပြည်သူများက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ နှင့် ၁၁ နေရာကို အာဏာသိမ်းစစ်တပ်က မတ်လ ၂၉ ရက်နေ့ ဗုံးသွားကြဲခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...