စစ်ကောင်စီကို ဆန့်ကျင်လို့ သထုံခရိုင်အတွင်း အဖမ်းခံထားရသူ(၅၀)ဦးထက်မနည်း ရှိ

စစ်ကောင်စီကို ဆန့်ကျင်လို့ သထုံခရိုင်အတွင်း အဖမ်းခံထားရသူ(၅၀)ဦးထက်မနည်း ရှိ

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်လို့ သထုံခရိုင်အတွင်းမှာ ဖမ်းဆီးခံထားရသူ (၅၀) ဦးထက်မနည်း ရှိပြီးလို့ လိုက်ပါဆောင်ရွက်ပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲ့ဒီအထဲမှာ ကျိုက်ထိုနှင့်သိမ်ဇရပ်က ဆန္ဒဖော်ထုတ်သူတွေ အများဆုံး အဖမ်းခံထားရပြီး ကျန်မြို့နယ်တွေက လှုပ်ရှားသူတွေလည်း ပါဝင်ပါတယ်။

အဖမ်းခံထားရသူတွေမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နှင့် အမှုဖွင့်တရားစွဲဆိုခံထားရသူတွေ ပါဝင်သလို ပြည်သူ့ဝန်ထမ်းက ထုတ်ပြန်တဲ့ အမိန့်ကို ဖီဆန်မှု ပုဒ်မ (၁၈၈) နှင့် တရားစွဲဆိုခံထားရသူတွေလည်း အမြောက်အများ ရှိနေပါတယ်။

ကျိုက်ထိုနှင့်သိမ်ဇရပ်မှာတော့ အဖမ်းခံထားရသူ (၃၀) ဦးထက်မနည်း ရှိနေပြီး ပြန်လွှတ်ပေးတာတော့ မရှိသေးဘူးလို့ သပိတ်ခေါင်းဆောင်တွေက ဆိုပါတယ်။

“ဆန္ဒပြတဲ့သူတွေ လက်ရှိအထိဖမ်းထားတာ ‌အယောက် ၃၀ ဝန်းကျင်လောက်တော့ ရှိမှာပေါ့၊ (၃၀)ဝန်းကျင်ဆိုတာ ဆန္ဒပြပြချင်း သိမ်ဇရပ်မှာ ဖမ်းမိတဲ့သူတွေရော ကျိုက်ထိုက အခုလက်ရှိထိရောပေါ့၊ (၃၀)ဝန်းကျင်ဆိုတာ အဲလောက်ခန့်မှန်းလို့ရတယ်။ကြားထဲ ပြန်လွှတ်တဲ့သူတွေ မပါဘူးပေါ့နော်”လို့ ပြောပါတယ်။

သထုံမြို့နယ်အတွင်းမှာလည်း ပုဒ်မ (၅၀၅) နှင့် တရားစွဲဆိုခံထားရသူတွေ ရှိနေပြီး ၎င်းတို့ကိုတော့ အခုချိန်ထိ ရုံးထုတ်မစစ်သေးဘူးလို့ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေက ဆိုပါတယ်။

“၅၀၅ နဲ့ဆွဲထားတဲ့သူတွေတော့ ရုံးမထုတ်သေးဘူးပေါ့နော်၊ ၁၈၈ နဲ့ဆွဲထားတဲ့ကလေးတွေကိုတော့ ၃၀ ရက်နေ့ကပေါ့၊ ကြားထဲမှာတော့ တချို့အမှုတွေကို ပါဝါတင်တာတို့တော့ ရှိတာပေါ့နော်၊ ရုံးချိန်းတွေ ထပ်ချိန်းထားတယ်၊ ကြားထဲမှာလည်း ရှိသေးတယ်၊ တစ်မှုနှစ်မှု စစ်တာတွေတော့”လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေကို ထောင်ဝင်စာတွေ့ဖို့ မိသားစုဝင်တွေက ကြိုးစားပေမယ့် တွေ့ခွင့်မရနေဘူးလို့ အချို့အုပ်ထိန်းသူတွေက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်မှုအသင်း(AAPP)က ရရှိထားတဲ့ မတ်လ (၂၈)ရက်နေ့အထိ စာရင်းတွေအရ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်လို့ နိုင်ငံတဝှမ်းမှာ အဖမ်းခံထားရသူ (၂၅၅၉)ဦးရှိပြီး အဲ့ဒီအထဲက (၃၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...