မြစ်ကြီးနားမြို့တွင် မိုင်းပေါက်ကွဲသံများ ကြားရ

မြစ်ကြီးနားမြို့တွင် မိုင်းပေါက်ကွဲသံများ ကြားရ

မြစ်ကြီးနားမြို့တွင် မတ်လ ၂၈ ရက်နေ့မှစ၍ မိုင်းပေါက်ကွဲသံနှင့် ဆန္ဒပြပွဲမရှိသည့်နေရာတွင် သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

တပ်ကုန်းရပ်ကွက် စံပြလမ်းပေါ်တွင်ရှိသည့် ခရိုင်ပညာရေးရုံးရှေ့တွင် နေ့လည် ၁၂ခွဲခန့်က မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ကြောင်း တပ်ကုန်းရပ်ကွက်နေသူတစ်ဦးထံမှသိရသည်။

“ပေါက်ကွဲသံတစ်ခုတော့ကြားလိုက်တယ်။ အစကတော့မိုင်းပေါက်ကွဲတယ်လို့မထင်ခဲ့ဘူး။ ကားကြီးဘီးတွေပေါက်သလို အသံထွက်တော့။ နောက်တော့ အိမ်နီးချင်းက လူတွေပြောတော့ မိုင်းပေါက်တယ်လို့ပြောကြတယ်။ သိပ်မကြာဘူး ခဏနေဆိုရင် ရဲတွေစစ်သားတွေ လာကြည့်သွားကြတယ်။ နောက်တော့ ပြန်သွားကြတယ်” ဟု ထိုဖြစ်ရပ်အနီးရှိ လူငယ်တစ်ဦးက ပြောသည်။

ထိုနည်းတူ မြစ်ကြီးနားအင်ဂျန်ဒုံရပ်ကွက်ရှိ အေဂျီကျမ်းစာကျောင်းအနီးတွင် ည ၈နာရီခန့်အချိန် အရပ်ဝတ်နှင့် လူ ၂ဦးက သေနတ် ၂ချက်ဖောက်သွားကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့တွင် အာဏာရှင်ဆန့်ကျင်သည့် လူထု သပိတ်စစ်ကြောင်းများကို ရဲနှင့်စစ်သားများက ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွဲမှုများ ဆက်တိုက်ပြုလုပ်နေသည်။

ယခုညနေပိုင်း ၆နာရီခန့်အချိန်တွင်လည်း ရပ်ပူရပ်ကွက် ပြည်သူများ၏ ခံတပ်ကို ရဲနှင့်စစ်သားများက သေနတ် အကြိမ်ပေါင်း ၂၀ခန့်ပစ်ဖောက်ကာ သွားရောက်ဖျက်စီးခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးထံမှ သိရသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူလူထုကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်မှုများပြုလုပ်နေသောကြောင့် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။

ထိုသို့ ပြည်သူကို ပစ်သတ်သော အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...