နမ့်ခမ်းမြို့နယ် အာဏာသိမ်းစစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်

နမ့်ခမ်းမြို့နယ် အာဏာသိမ်းစစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင် နမ့်ခမ်းမြို့နယ် ပန်ခါး နှင့် မန်းပန်အွယ်လောကျေးရွာ ကြားတွင် ယနေ့ (မတ် ၂၅) ရက် မနက်ပိုင်းအချိန်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် တအောင်းအမျိုးသားလွတ်လပ်ရေး တပ်မတော် TNLA တို့ တိုက်ပဲွဲ ပြင်ထန်းစွားဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။



အဆိုပါ အာဏာသိမ်းစစ်ကောင်စီမှ နမ့်ခမ်းမြို့မှ ပန်ခါးကျေးရွာဖက် သို့ လက်နက်ကြီးဖြင့် ပစ်ကြောင်း၊လက်ရှိ အချိန်ထိ ထွက်ပြေး တိမ်းရှောင်သူများမရှိသေးကြောင်း နမ့်ခမ်း ဒေသခံ အမျိုးသား တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

” စစ်ကောင်စီက မြို့ပြင်ဖက်ကနေ ပန်ခါး မန်းပန်အွယ်လော ကျေးရွာဖက်ကိုပစ်သွားတာ။ အဲနေရာမှာက တအောင်း စစ်တပ်တွေနေတယ်။ ဒီနေ့ သံနတ်သံအစောကြီးကြားရတယ်။ ခုနကဘဲ စစ်ကောင်စီကနေ ဗုံတစ်လုံးထက်ပစ်သွားတယ်” ဟု နမ့်ခမ်းမြို့ဒေသခံတစ်ဦးကပြောသည်။

အာဏာသိမ်းစစ်ကောင်စီ နှင့် TNLA တိုက်ပွဲ ဆက်လက်ဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ TNLA ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် အာဏာသိမ်းစစ်ကောင်စီတို့ သျှမ်းမြောက်ပိုင်း၊ ကချင်ပြည် နှင့် ကရင်ပြည်တို့ တွင် မကြားခဏ တိုက်ပွဲဖြစ်ပွားနေသည်။

June 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း...
June 1, 2026
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...
May 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ...
May 29, 2026
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...