ဖားကန့်သပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်သားများ ချောင်းကြည့်သဖြင့် နောက်ဆုတ်ခဲ့ရ

ဖားကန့်သပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်သားများ ချောင်းကြည့်သဖြင့် နောက်ဆုတ်ခဲ့ရ

မတ်လ ၂၅ ရက်နေ့ ဖားကန့်မြို့နယ် ဆိပ်မူနှင့် လုံးခင်းသပိတ်စစ်ကြောင်း မှော်ပုံထိချီတက်ဆန္ဒပြရန် ပြင်ဆင်ထားသော်လည်း မှော်ပုံရွာအဝင်တွင် အာဏာသိမ်းစစ်တပ် အင်အား ၂၀ ကျော်ခန့် စောင့်ကြည့်နေသည့်အတွက် ဆန်ခါမှ ပြန်လှည့်လာခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

‘WE NEED KIA PROTECT PEOPLE’ စာတန်းပါသည့် ဆိုင်းဘုတ်များကို ဆန္ဒပြ ပြည်သူများကိုင်ဆောင်ထားသည့်အတွက် အာဏာသိမ်းစစ်တပ်က အလိုမရှိသည့်အတွက် လာရောက်စောင့်ကြည့်နေခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ ဒေသခံများက ပြောသည်။

လုံးခင်းနှင့် ဆိပ်မူသပိတ်စစ်ကြောင်းသည် နံနက် ၉ နာရီမှ စတင်ကာလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် မှော်ပုံရွာသို့ လှည့်လည်ရန်ပြင်ဆင်ထားသော်လည်း ဆန်ခါနှင့် မှော်ပုံကျေးရွာသို့သွားသည့် ချောင်းကူးတံတကားကုန်းထိပ်တွင် စောင့်ကြည့်နေကြသည့်အတွက် ဆန္ဒပြပြည်သူများ ရုန်းရင်းဆန်ခတ်မဖြစ်စေရန် ဆန်ခါကျေးရွာမှ ပြန်လှည့်လာခဲ့ကြကြောင်း ဒေသခံများ ပြောသည်။

ယနေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းသည် လုံးခင်းမှ ဆိုင်ရာရွာသစ်၊ မဇွပ်ယန်နှင့် ဆန်ခါကျေးရွာအထိ စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများနှင့်အတူ ‘WE NEED KIA PROTECT PEOPLE’ စာတမ်းပါသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...