ဖားကန့်သပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်သားများ ချောင်းကြည့်သဖြင့် နောက်ဆုတ်ခဲ့ရ

ဖားကန့်သပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်သားများ ချောင်းကြည့်သဖြင့် နောက်ဆုတ်ခဲ့ရ

မတ်လ ၂၅ ရက်နေ့ ဖားကန့်မြို့နယ် ဆိပ်မူနှင့် လုံးခင်းသပိတ်စစ်ကြောင်း မှော်ပုံထိချီတက်ဆန္ဒပြရန် ပြင်ဆင်ထားသော်လည်း မှော်ပုံရွာအဝင်တွင် အာဏာသိမ်းစစ်တပ် အင်အား ၂၀ ကျော်ခန့် စောင့်ကြည့်နေသည့်အတွက် ဆန်ခါမှ ပြန်လှည့်လာခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

‘WE NEED KIA PROTECT PEOPLE’ စာတန်းပါသည့် ဆိုင်းဘုတ်များကို ဆန္ဒပြ ပြည်သူများကိုင်ဆောင်ထားသည့်အတွက် အာဏာသိမ်းစစ်တပ်က အလိုမရှိသည့်အတွက် လာရောက်စောင့်ကြည့်နေခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ ဒေသခံများက ပြောသည်။

လုံးခင်းနှင့် ဆိပ်မူသပိတ်စစ်ကြောင်းသည် နံနက် ၉ နာရီမှ စတင်ကာလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် မှော်ပုံရွာသို့ လှည့်လည်ရန်ပြင်ဆင်ထားသော်လည်း ဆန်ခါနှင့် မှော်ပုံကျေးရွာသို့သွားသည့် ချောင်းကူးတံတကားကုန်းထိပ်တွင် စောင့်ကြည့်နေကြသည့်အတွက် ဆန္ဒပြပြည်သူများ ရုန်းရင်းဆန်ခတ်မဖြစ်စေရန် ဆန်ခါကျေးရွာမှ ပြန်လှည့်လာခဲ့ကြကြောင်း ဒေသခံများ ပြောသည်။

ယနေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းသည် လုံးခင်းမှ ဆိုင်ရာရွာသစ်၊ မဇွပ်ယန်နှင့် ဆန်ခါကျေးရွာအထိ စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများနှင့်အတူ ‘WE NEED KIA PROTECT PEOPLE’ စာတမ်းပါသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...