ဗန်းမော် အာရုဏ်ဦးသပိတ်တွင် ဖိတ်စာဝေသော ကျောင်းသား ၃ ဦး အကြမ်းဖက် ဖမ်းဆီးခံရ

ဗန်းမော် အာရုဏ်ဦးသပိတ်တွင် ဖိတ်စာဝေသော ကျောင်းသား ၃ ဦး အကြမ်းဖက် ဖမ်းဆီးခံရ

ဗန်းမော်မြို့တွင် ယနေ့ နံနက် အာရုဏ်ဦးအချိန် မင်းအောင်လှိုင်အသုဘ ဖိတ်စာဝေသော GTU ကျောင်းသား ၃ ဦးကို အာဏာသိမ်းစစ်တပ်၏ ရဲတပ်ဖွဲ့များက အကြမ်းဖက် ရိုက်နှက် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“အဲမှာမြင်လိုက်တဲ့သူတွေပြောတာတော့ ရဲကားနဲ့အရင် ဝင်ပိတ်ပြီးမှ လက်ကမ်းစာဝေနေတဲ့ကျောင်းသား ၇ဦးကို လိုက်ဖမ်းတာတဲ့။ အဲမှာ ၃ယောက်ဖမ်းမိသွားတယ်လို့ သိရတယ် ပြီးတော့ ဖမ်းတဲ့ချိန်မှာလည်း အရမ်းကိုရိုက်နှက်ပြီး ခေါသွားကြတယ်လို့ပြောတယ်။”ဟု အာရုဏဦးသပိတ်စစ်ကြောင်းတွင် ပါဝင်သည့်ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီခံရသည့် GTU ကျောင်းသား ၃ဦးမှာ မောင်စိုင်းလင်းထက်ကျော်၊မောင်သိန်းငွေ၊မောင်နန်ဂျာရော်တို့ဖြစ်ပြီး မောင်စိုင်းလင်းထက်ကျော်ကိုမူ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံလိုက်ရသည့် GTU ကျောင်းသား ၃ဦးသည် ယနေ့မနက် ၆နာရီခန့်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ပင်မသပိတ်စစ်ကြောင်းဘက်တော့ မလာဘဲနဲ့ မင်းအောင်လှိုင်အသုဘ ဖိတ်စာဝေတဲ့ဘက်ကို တန်းသွားပြီး ဖမ်းတာဆိုတော့ ဒလန်သတင်းပေးတွေကြောင့်ဘဲ နေမှာပါ။” ဟု ဒေသခံများကပြောသည်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သော ကချင်ပြည်နယ်ရှိ ပြည်သူများသည် အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခြင်းမခံရအောင် နည်းလမ်းမျိုးစုံဖြင့် ဆက်လက် သပိတ်ဆင်နွဲနေကြောင်း သိရသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...