အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းတွင် သစ်ခိုးထုတ်မှုများရှိလာ

အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းတွင် သစ်ခိုးထုတ်မှုများရှိလာ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ဒေသခံ ပြည်သူ့စစ်အဖွဲ့များက အာဏာပိုင်တစ်ချို့နှင့် ပူးပေါင်းပြီး တရားမဝင် သစ်ခိုးထုတ်မူများပြုလုပ်နေကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။

မတ်လ ၂၂ ရက်နေ့ ညနေပိုင်း ၅နာရီခန့် အချိန်တွင် မိုးကောင်းမြို့ ထိုးဖူးကျေးရွာ၊ ရွှေအင်းကျေးရွာသွားလမ်း၊ သဲကုန်း ဘုန်းကြီးကျောင်းနားလမ်းဘေးတွင် မတရားမဝင်သစ်ခိုးထုတ်ဖို့ စီစဉ်ထားသည့် သစ်ကားတစ်စီးတွေ့ရသည်ဟု ဒေသခံ မျက်မြင်သက်သေ တစ်ဦးက ယခုလို ပြောဆိုသည်။

“လက်ရှိ နိုင်ငံရေးမတည်ငြိမ်မူကို အခွင့်ကောင်းယူပြီး တရားမဝင်သစ်ခိုးထုတ်လာပြီလို့ ယူဆလို့ရတယ်။ ခါတိုင်းဆို ဒီလိုသစ်သယ်ယူတာတွေမရှိဘူး။ အခုမှမြင်တွေ့လာရတာပါ” ဟု ဆိုသည်။

အဆိုပါသစ်များသည် အင်းတော်ကြီးဘက်က သယ်ဆောင်လာသော သစ်များဖြစ်နိုင်ကြောင်း အထက်ပါ အမည်မဖော်လိုသူ ဒေသခံ တစ်ဦး သုံးသပ်ပြောဆိုသည်။

ယခင်က အဆိုပါဒေသတွင် သစ်ထုတ်လုပ်မှုများနှင့် သယ်ယူပို့ဆောင်မှုများ မတွေ့ရသော်လည်း ယခုမှ ပြန်လည်တွေ့မြင်လာရခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...