အင်ဂျန့်ယာန် စစ်ရှောင်များကို ပလန စစ်ရှောင် စခန်းသို့ ပြန်လည်နေထိုင်ရန် အာဏာသိမ်းစစ်တပ်က ခွင့်မပြု

အင်ဂျန့်ယာန် စစ်ရှောင်များကို ပလန စစ်ရှောင် စခန်းသို့ ပြန်လည်နေထိုင်ရန် အာဏာသိမ်းစစ်တပ်က ခွင့်မပြု

အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် မြစ်ဆုံ-တန်ဖရဲကျေးရွာသို့ ယနေ့မနက်ဝင်ရောက်လာသော စစ်ရှောင်ပြည်သူများကို ၎င်းတို့ ယခင်နေထိုင်ခဲ့သည့် ပလန စစ်ရှောင်စခန်းသို့ ပြန်လည်နေထိုင်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးက ခွင့်မပြုကြောင်းသိရသည်။

 

လက်ရှိ တန်ဖရဲကျေးရွာ ကတ်သလစ်ဘုရားကျောင်းဝင်းတွင် ရောက်ရှိနေသောအင်ဂျန့်ယန် စစ်ရှောင်များသည် ယခင်က မြစ်ကြီးနား- ပလန နယ်မြေအတွင်းရှိ တြီနီတီနှင့် စိန်ဂျိုးဇက် စစ်ရှောင်စခန်းတွင် နေထိုင်နေသည့် စစ်ရှောင်ပြည်သူများဖြစ်ကြပြီး လွန်ခဲ့သည့် ၂၀၂၀ နှစ်ကုန်းပိုင်းအတွင်းမှ တောင်ယာလုပ်ငန်းများလုပ်ကိုင်ရန် နေရပ်သို့ ခေတ္တပြန်သွားသူများဖြစ်ကြသည်။

 

စစ်ရှောင်များကို တန်ဖရဲကျေးရွာ၏ စစ်တပ်ဂိတ်တွင် ဖြတ်သန်းခွင့်မပေးရန် မပခ တိုင်းမှူးက အမိန့်ချထားကြောင်း တန်ဖရဲကျေးရွာ၏ ကတ်သလစ်ဆရာတော် ဖာသာရ် ဆွတ်အောင်ထံမှသိရသည်။

 

“ဒီစစ်ရှောင်တွေကို ပြန်မဝင်လာဖို့ ဂိတ်မှာ တားထားဖို့ တိုင်းမှူးက အကြောင်းကြားထားတယ်လို့ ဒီက တာဝန်ရှိ ဗိုလ်မှူး တစ်ယောက်က ကျနော်ကို အကြောင်းကြားလာတယ်။ အခုစစ်ရှောင်တွေကို ဒီမှာထားဖို့ဘဲပြောနေတယ်။ သူတို့အရင်ကတည်းကလည်း မြစ်ကြီးနား ပလနမှာနေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေပါဘဲ။ စစ်ရှောင်ကနေ အရင်သူတို့ရဲ ရွာမှာ တောင်ယာလုပ်ငန်းတွေပြန်ပြီးသွားရင်း ဟိုမှာခဏသွားနေကြတာပေါ့။ အခုကအဲ့မှာ တိုက်ပွဲပြန်ဖြစ်လာတော့ သူတို့လည်း အဲ့မှာမနေရဲဘဲ ပြန်ပြီးထွက်ပြေးလာကြတာဖြစ်တယ်။ ဒါပေမယ့် အခုက မပခ တိုင်းမှူးက စစ်ရှောင်နေရာကို ပြန်မဝင်ခိုင်တော့ဘူးဆိုပြီး တန်ဖရဲရွာမှာရှိတဲ့ စစ်တပ်ဂိတ်မှာ မဖြတ်ခိုင်းဖို့တားထားတယ်လို့သိရတယ်”ဟုပြောဆိုသည်။

 

မြစ်ဆုံစီမံကိန်းအကောင်ထည်ဖော်ရန်မည့်နေရာဖြစ်သော အဆိုပါဒေသတွင် ယခင်အစိုးရအဆက်ဆက်က ပုဒ်မ ၁၄၄ထုတ်ထားသည့်အပြင် ရေ၊ မီး အစစအရာရာခက်ခဲသည့် နေရာ ဒေသတစ်ခုဖြစ်သည့်အတွက် ရာဂဏန်းရှိသော အင်ဂျန်ယန်စစ်ရှောင်များကို ယခင်စစ်ရှောင်စခန်းတွင် ပြန်လည်နေထိုင်ခွင့်ပြုရန် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူကဆက်ဆိုသည်။

 

မြစ်ကြီးနားမြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ ဂွေထောင် ကျေးရွာတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ မတ်လ ၁၅ ရက်ညနေပိုင်းက စစ်ပွဲဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာနှင့် နီးစပ်သောကျေးရွာမှ ဒေသခံများက ယခုလို မြစ်ကြီးနားမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

 

ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည် ၁၀၀ ကျော်ခန့်သည် လက်ရှိအချိန်တွင် တန်ဖရဲ ကတ်သလစ်ဘုရားကျောင်းဝင်းတွင် ယာယီအဖြစ် ခိုလှုံနေကြပါသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...