ကချင်ခရစ်ယာန် ဓမ္မတက္ကသိုလ်ကျောင်းသို့ စစ်သားများက ဧည့်စာရင်းဝင်စစ်။

ကချင်ခရစ်ယာန် ဓမ္မတက္ကသိုလ်ကျောင်းသို့ စစ်သားများက ဧည့်စာရင်းဝင်စစ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်း ကချင်ခရစ်ယာန် ဓမ္မ တက္ကသိုလ်ကျောင်းသို့  မတ်လ ၁၃ ရက် ည ၁၀:၃၀ အချိန်ခန့်တွင် စစ်သားများ စစ်ကား(၁၀)စီးခန့်ဖြင့် ဧည့်စာရင်း စစ်ရန်ဟုဆိုကာ ကျောင်းဝင်းရှေ့ရောက်ရှိခဲ့သည်ဟု သိရသည်။

ထိုသို့ရောက်ရှိချိန် ကျောင်းတွင်းဝင်ရန် ဝင်းတံခါးကြီး ဖွင့်ပေးဖို့အတွက် ကျောင်းတွင်းတာဝန်ရှိသူများနှင့် အခြေအတင်း ပြောဆိုနေကြချိန် PCG မှ ဦးလမိုင်ဂွမ်ဂျာ နှင့် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန် နှင့် ဆရာတူးမိုင် တို့ရောက်ရှိလာပြီး ၎င်းတို့ ညှိနှိုင်းပြောဆိုပြီးနောက် စစ်တပ်ဘက်မှ တာဝန်ရှိစစ်သား ၁၅ ဦးကိုသာ ကျောင်းဝင်းတွင်းသို့ ဝင်ခွင့်ပြု ဧည့်စာရင်းစစ်ဆေးခဲ့သည်ဟုဆိုသည်။

အဆိုပါ စစ်သားများသည် ကျောင်းတွင်းတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား တစ်နေရာတွင်စုစည်းနေစေပြီး နာမည်များ မေးမြန်းခြင်း၊ မှတ်သားခြင်း၊ ကျောင်းတွင်းလိုက်လံ ရှာဖွေခြင်းများပြုလုပ်ခဲ့ပြီး မနက် ၂:၃၀ အချိန် ခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...