ကချင်ခရစ်ယာန် ဓမ္မတက္ကသိုလ်ကျောင်းသို့ စစ်သားများက ဧည့်စာရင်းဝင်စစ်။

ကချင်ခရစ်ယာန် ဓမ္မတက္ကသိုလ်ကျောင်းသို့ စစ်သားများက ဧည့်စာရင်းဝင်စစ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်း ကချင်ခရစ်ယာန် ဓမ္မ တက္ကသိုလ်ကျောင်းသို့  မတ်လ ၁၃ ရက် ည ၁၀:၃၀ အချိန်ခန့်တွင် စစ်သားများ စစ်ကား(၁၀)စီးခန့်ဖြင့် ဧည့်စာရင်း စစ်ရန်ဟုဆိုကာ ကျောင်းဝင်းရှေ့ရောက်ရှိခဲ့သည်ဟု သိရသည်။

ထိုသို့ရောက်ရှိချိန် ကျောင်းတွင်းဝင်ရန် ဝင်းတံခါးကြီး ဖွင့်ပေးဖို့အတွက် ကျောင်းတွင်းတာဝန်ရှိသူများနှင့် အခြေအတင်း ပြောဆိုနေကြချိန် PCG မှ ဦးလမိုင်ဂွမ်ဂျာ နှင့် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန် နှင့် ဆရာတူးမိုင် တို့ရောက်ရှိလာပြီး ၎င်းတို့ ညှိနှိုင်းပြောဆိုပြီးနောက် စစ်တပ်ဘက်မှ တာဝန်ရှိစစ်သား ၁၅ ဦးကိုသာ ကျောင်းဝင်းတွင်းသို့ ဝင်ခွင့်ပြု ဧည့်စာရင်းစစ်ဆေးခဲ့သည်ဟုဆိုသည်။

အဆိုပါ စစ်သားများသည် ကျောင်းတွင်းတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား တစ်နေရာတွင်စုစည်းနေစေပြီး နာမည်များ မေးမြန်းခြင်း၊ မှတ်သားခြင်း၊ ကျောင်းတွင်းလိုက်လံ ရှာဖွေခြင်းများပြုလုပ်ခဲ့ပြီး မနက် ၂:၃၀ အချိန် ခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...