စပါးစျေး ကျပ်(၂)သိန်းကျော် မြင့်တက်

စပါးစျေး ကျပ်(၂)သိန်းကျော် မြင့်တက်

စစ်တပ်အာဏာသိမ်းပြီး တစ်လအကြာမှာတော့ မွန်ပြည်နယ်အတွင်းမှာ စပါးတင်းတစ်ရာကို ကျပ်(၂)သိန်းကျော်အထိ စျေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ယခင်က ပေါ်ဆန်းမွှေး တင်းတစ်ရာကို ကျပ်(၉)သိန်းကျော်သာ စျေးရရှိခဲ့ပေမယ့် လက်ရှိမှာတော့ (၁၁)သိန်းကျော်အထိ စျေးရနေတယ်လို့ စပါးကုန်သည်တွေက ပြောပါတယ်။

ဒေသထွက် ဆန်မာအုပ်စုတွေလည်း စျေးလိုက်တက်ခဲ့ပေမယ့် ပေါ်ဆန်းမွှေးလောက်တော့ စျေးမရဘူးလို့ မွန်ပြည်နယ် ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးတင်မြင့်ဦးက ဆိုပါတယ်။

“စပါး ၁၀၀ ကို ပေါ်ဆန်မွှေစပါးဆိုရင် ခန့်မှန်းချေ ၂ သိန်းကျော်ကျော်လောက်တက်သွားတယ် အရင်တုန်းက ပေါ်ဆန်မွှေးစပါးက ၉ သိန်းကျော်ကျော်လောက်ရှိတယ် အခုဟာက ၁၁ သိန်းပတ်ချာလည်ဖြစ်သွားတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းမှာလည်း ဆန်စျေးတွေဟာ အမျိုးအစားပေါ် မူတည်ပြီးတော့မှ ကျပ် ၂၀၀၀ ကနေ ၃၀၀၀ အထိ စျေးနှုန်း မြင့်တက်နေပါတယ်။

စပါးစျေးနည်းတူ အခြေခံစားသောက်ကုန်တွေလည်း စျေးမြင့်တက်ခဲ့ပြီး စားသုံဆီ စျေးနှုန်းကလည်း ကျပ် (၂၉၀၀)အထိ မြင့်တက်ခဲ့ပါတယ်။

မော်လမြိုင်ကုန်စည်ဒိုင်ရဲ့ထုတ်ပြန်ချက်အရ ပေါ်ဆန်း (၁၀၈ ပေါင်) တစ်အိတ်ကို ကျပ် (၃၂၅၀၀) ရှိပြီး ပေါ်ကျွဲ (၁၀၈ ပေါင်) တစ်အိတ်ကို ကျပ် (၂၈၅၀၀) နဲ့ ဧည့်မထ (၁၀၈ ပေါင် ) တစ်အိတ်ကို ကျပ် (၂၅၅၀၀) ပေါက်စျေး ရှိတယ်လို့ သိရပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...